ချောက်မြို့နယ်၊ မြို့မစျေး၌ ပလတ်စတစ်အိတ်မသုံးစွဲရေး အသိပညာပေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာမပါရှိသော ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ (၃.၇.၂၀၂၃) ရက်နေ့၊ နံနက်(၀၉:၃၀) အချိန်တွင် အပတ်စဉ် တနင်္လာနေ့တိုင်း ပလတ်စတစ်အိတ်မသုံးစွဲရေးနေ့ သတ်မှတ်၍ ချောက်မြို့မစျေး အတွင်း/အပြင်တို့တွင် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာမပါရှိသော ပစ္စည်းများ ရောင်းချမှုမရှိစေရေးကိုလည်း ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

     ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိဦးနေမန်း ဦးဆောင်သော ဝန်ထမ်းများ၊ စည်ပင်သာယာရေးကော်မတီဝင်များ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဒု-ဦးစီးမှူး ဒေါ်ချိုဝေလွင်တို့က ချောက်မြို့နယ်အတွင်း တနင်္လာနေ့တိုင်း မြို့မစျေးအတွင်းနှင့် အပြင်တွင် ပလတ်စတစ်အိတ် မသုံးစွဲရဟုသတ်မှတ်ထားရှိပြီး ပလတ်စတစ်အိတ်အစား အင်ဖက်၊ ငှက်ပျောဖက်၊ သတင်းစာစက္ကူတို့ဖြင့် အစားထိုးထုတ်ပိုး သုံးစွဲစေရေးအတွက် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် လက်ကိုင်စပီကာနှင့် အသိပေးနှိုးဆော်ခြင်း၊ အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ စားသုံးသူရေးရာဦးစီးဌာနမှလည်း ဈေးသူ၊ ဈေးသားများနှင့် လုပ်ငန်းရှင်များအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၂၁၉)ပါ အကြောင်းအရာများ၊ ၎င်းညွှန်ကြားချက် ပါကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ဆိုင်တင်ရောင်းချကြရန်၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသော ကုန်စည်များကိုဖြန့်ဖြူးရောင်းချခြင်း မပြုလုပ်ကြရန်၊ စစ်ဆေးတွေ့ရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပြည့်စုံမှန်ကန်မှု ရှိ/မရှိကို မိမိတို့ တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ တင်ပြစိစစ်လျှောက်ထားနိုင်ပါကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)