ဗီယက်နမ်သည် ဖိလစ်ပိုင်၏ အကြီးမားဆုံး ဆန်တင်ပို့သူအဖြစ် ဆက်လက်ရပ်တည်လျက်ရှိ

Powered by Drupal

ဗီယက်နမ်သည် ယခုနှစ် ပထမငါးလအတွင်း ဖိလစ်ပိုင်၏ အကြီးမားဆုံး ဆန်တင်သွင်းသူ အဖြစ် ရပ်တည်နေခဲ့ပြီး တန်တင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၇၇၂ ဒသမ ၄ သန်းဖြင့် ယခင်နှစ်ကာလတူနှိုင်းယှဉ်ပါက ၃၁ ဒသမ ၁ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်းသိရှိရသည်။

ဖိလစ်ပိုင်နိုင်ငံသည် ဇန်နဝါရီလမှ မေလအတွင်း ဗီယက်နမ်နိုင်ငံမှ ဆန်တန်ချိန် ၁ ဒသမ ၅ သန်း တင်သွင်းခဲ့ပြီး ၎င်းပမာဏသည် ပြည်ပမှ တင်သွင်းသည့် ဆန်စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်း နီးပါးရှိကြောင်း ဖိလစ်ပိုင် စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ အာရှ-အာဖရိက ဈေးကွက်ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ တင်ပို့မှုသည် ဖိလစ်ပိုင်သို့ ဗီယက်နမ်၏ စံချိန်တင် ဆန်တင်ပို့မှု အဆင့်ဖြစ်ခဲ့ပြီး၊ ပထမ ၅ လအတွင်း တင်ပို့ခဲ့သော ဆန်တန်ချိန် စုစုပေါင်း ၃ ဒသမ ၆ သန်း၏ ၄၂ ဒသမ ၃ ရာခိုင်နှုန်း ရှိခဲ့သည်။

ရာသီဥတုဖောက်ပြန်မှုနှင့် အယ်နီညိုဖြစ်စဉ်သည် လူဦးရေ ၁၁၃ သန်း မှီတင်းနေထိုင်သော ဖိလစ်ပိုင်၏ ပြည်တွင်းစားနပ်ရိက္ခာထုတ်လုပ်မှုကို ဆိုးရွားစွာ ထိခိုက်စေဖွယ်ရှိကြောင်း၊ ဖိလစ်ပိုင် ဈေးကွက်ဌာန၏ အဆိုအရ ၂၀၂၃ နှင့် ၂၀၂၄ ဘဏ္ဍာနှစ်၏ လက်ကျန်လများတွင် ဆန်စားသုံးမှုနှင့် သွင်းကုန်ဝယ်လိုအား ဆက်လက်တိုးတက်လာမည်ဟု ခန့်မှန်းရကြောင်း၊ သို့ဖြစ်ရာ ဗီယက်နမ်မှ ဖိလစ်ပိုင်သို့ ဆန်တင်ပို့မှုသည် ယခုနှစ် နောက်ဆုံး ၆ လတွင် ဆက်လက်တိုးမြင့်လာနိုင်ကြောင်း၊ ထို့ကြောင့် အဆိုပါဈေးကွက်သို့ ပို့ကုန်တိုးမြှင့်ရန် အခွင့်အလမ်းကောင်းအဖြစ် ရယူရန်နှင့် ဗီယက်နမ်လုပ်ငန်းရှင်များအနေဖြင့် ဆန်ကုန်သွယ်မှုဆိုင်ရာ စျေးကွက်ဖွံ့ဖြိုးမှုနှင့် မူဝါဒများကို အနီးကပ်လိုက်နာရန် လိုအပ်ကြောင်း၊ ကုန်သွယ်မှုလုပ်ငန်းများ၌ ဖြစ်ပေါ်နေသော အခက်အခဲများ နှင့် အတားအဆီးများကို ချက်ချင်းဖယ်ရှားလျက် ဖိလစ်ပိုင်သို့ ပို့ကုန်မြှင့်တင်ရေးလုပ်ငန်းများတွင် သက်ဆိုင်ရာ အစိုးရဌာနများနှင့် အသင်းအဖွဲ့များက တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်သင့်ကြောင်း Vietnam Plus သတင်းဌာနက ဖော်ပြခဲ့သည်။

Source: Vietnam Plus, 2 Jul 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)