မလေးရှားနိုင်ငံ၏ ဇွန်လအကုန် စားအုန်းဆီလက်ကျန်သည် ၄ လအတွင်း မြင့်မား

Powered by Drupal

မလေးရှားစားအုန်းဆီ သိုလှောင်မှုလက်ကျန်သည် ဇွန်လအကုန်တွင် တန်ချိန် ၁.၈၅ သန်း ရှိခဲ့ရာ လေးလအတွင်း တင်ပို့မှုများ ပို၍လျော့နည်းလာခဲ့သည့်အပြင် ယခင်လထက် ၁၀.၅ ရာခိုင် နှုန်းဖြင့် သိုလှောင်မှုပမာဏ များပြားလာခြင်းဖြစ်ကြောင်း၊ ယခင် ၂၀၂၂ ခုနှစ် ဇွန်လသိုလှောင်မှု တန်ချိန် ၁.၆၅ သန်းထက် ၁၂ ရာခိုင်နှုန်း ပိုမိုကြောင်း ရိုက်တာသတင်းဌာနအား ကိုးကားလျက် The Star သတင်းဌာနက ဇူလိုင်လ ၆ ရက်နေ့၌ ဖော်ပြထားသည်။

လာမည့်လများအတွင်း အယ်လ်နီညိုကြောင့်ဖြစ်ပေါ်လာမည့် ပူပြင်းခြောက်သွေ့ရာသီ၏ သက်ရောက်မှုများကြောင့် ထုတ်လုပ်မှုတန်ချိန် ၁.၅၁ သန်းအထိ ၀.၈ ရာခိုင်နှုန်းဖြင့် ကျဆင်းမည် ဟု ခန့်မှန်းရကြောင်း၊ ဇူလိုင်လမှ စက်တင်ဘာလအတွင်း အယ်လ်နီညို၏ သက်ရောက်မှုအနေဖြင့် အထွက်နှုန်းများ လျော့နည်းကာ ဈေးနှုန်းများ မြှင့်တက်သွားနိုင်ဖွယ်ရှိကြောင်း Apricus 8 Pte Ltd က ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

Source: The Star, 6 Jul 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)