စားသုံးဆီအမျိုးမျိုးအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် “စားသုံးသူအခွင့်အရေးဦးစားပေး” ဟူသော ဆောင်ပုဒ်နှင့်အညီ စားသုံးသူများ၏ အခွင့်အရေးနှင့်အကျိုးစီးပွားကို အကာအကွယ်ပေးလျက်ရှိရာ  ကုန်စည်များ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်နိုင်စေရေး၊ စားသုံးသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များကြား သတိ‌ပေးချက် (Alert) တစ်ခုဖြစ်စေရေးနှင့် စားသုံးသူများအတွက်လည်း ဘေးအန္တရာယ်ကင်းရှင်းသော ကုန်စည်များကိုသာ ဝယ်ယူရရှိစေရေးရည်ရွယ်၍ စားသုံးဆီအမျိုးမျိုး၊ အသင့်သောက်အချိုရည်အမျိုးမျိုး၊ ကလေး အာဟာရဖော်စပ်ဖြည့်စွက်စာအမျိုးမျိုးစသည့်ကုန်စည် (၃)မျိုးအားရွေးချယ်ပြီး ကုန်စည်တစ်မျိုးအတွက် အချိန်ကာလ(၁)လသတ်မှတ်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဈေးကွက်စောင့်ကြည့် စစ်ဆေးသွားရန် စားသုံးသူရေးရာဦးစီးဌာနရုံးချုပ်မှ အစီအမံများ ချမှတ်‌ပေးထားပါသည်။

      အဆိုပါအစီအမံများအား စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ လိုက်ပါအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မိတ်ဖက်ဌာနများဖြစ်ကြသော တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍  ဇူလိုင်လ ပထမရက်သတ္တပတ်(၂)ပတ်အတွင်း မုံရွာမြို့ရှိ  Super Market များ ၊ ချင်းတွင်းရတနာဈေးနှင့် သီရိရတနာဈေးရှိ အရောင်းဆိုင်များ၊ မုံရွာစက်မှုဇုန်ရှိ စားသုံးဆီထုတ်လုပ်သော စက်ရုံများသို့သွားရောက်၍ စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)