စက်သုံးဆီရောင်းချသည့်လုပ်ငန်းရှင်အား အသိပညာပေးဆွေးနွေး

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ (၁၀.၇.၂၀၂၃)ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၃)ဦးတို့သည် ရွှေဘိုမြို့၊ ကန်တော်လမ်းရှိ စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

  ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူးနှင့် ဒု-ခရိုင်ဦးစီးမှူးတို့မှ စက်သုံးဆီများဝယ်ယူရရှိမှု၊ သယ်ယူမှု၊ သိုလှောင်ထားရှိမှု၊ ပြန်လည်ဖြန့်ဖြူးရောင်းချမှု၊ ဈေးနှုန်း၊ ဈေးကွက်အခြေအနေများနှင့် လက်ကျန်အခြေအနေများကို မေးမြန်းဆွေးနွေးခြင်း၊  စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ နေ့စဉ်သတ်မှတ်ထုန်ပြန်ပေးသည့် ရည်ညွှန်းဈေးအတိုင်း ရောင်းချမှုရှိ/မရှိ၊ အချိန်အတွယ်နှင့်အလေးချိန် မှန်ကန်မှုရှိ/မရှိနှင့် LED ဘုတ်တွင်ကြေငြာထားသည့် ဈေးနှုန်းများအတိုင်း ရောင်းချမှုရှိ/မရှိစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး နှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စားသုံးသူများအနေဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဝယ်ယူအသုံးပြုခြင်းကြောင့်ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်သည့်အကြောင်းများ၊ စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်နေသော လုပ်ငန်းများကိုသိရှိလိုပါက ရုံးဖွင့်ရက် ရုံးချိန်အတွင်း Consumer Call Center နံပါတ် 1535 သို့ ဆက်သွယ်မေးမြန်းနိုင်အကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)