စစ်ကိုင်းတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ တိုင်းဒေကြီးဦးစီးမှူးရုံး၊ မုံရွာမြို့တွင် စားသုံးသူရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး၊လူမှုဝန်ထမ်းဦးစီးဌာန၊တိုင်းဒေသကြီးဦးစီးမှူးရုံး၏အစီအစဉ်ဖြင့် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၁၀ရက်နေ့တွင် အဆိုပါဌာန၌ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်း ကျင်းပလျက်ရှိရာ သင်တန်းသားများနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများအား  စားသုံးသူရေးရာအသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

    အသိပညာပေးဟောပြောရာတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝေဖြိုးထက်က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဖွဲ့စည်းပုံနှင့် ဦးစီးဌာနများ၏ လုပ်ငန်းတာဝန်များကို လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ်၊ မျှော်မှန်းချက်နှင့် ရည်မှန်းချက်တာဝန်များကိုလည်းကောင်း၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီတို့၏ဖွဲ့စည်းပုံနှင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကိုလည်းကောင်း၊ စားသုံးသူများ၏ အခွင့်အရေးများနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် စားသုံးသူရေးရာလုပ်ငန်းများကိုလည်းကောင်း၊ စားသုံးသူ နစ်နာဆုံးရှုံးမှုကြုံတွေ့ရပါက ဌာနသို့ဆက်သွယ်တိုင်ကြားနိုင်သည့်နည်းလမ်းများနှင့် ဌာနမှဖြေရှင်းဆောင်ရွက်ပေးခဲ့သည့် စားသုံးသူတိုင်ကြားမှု နမူနာဖြစ်စဉ်များကိုလည်းကောင်း အသေးစိတ် ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပါသည်။

  ထို့နောက် ဟောပြောပွဲသို့တက်ရောက်လာကြသော ဝန်ထမ်းများနှင့် သင်တန်းသားများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များ ဝေမျှခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ လူမှုဝန်ထမ်း ဦးစီးဌာနမှ ဝန်ထမ်းများနှင့် သင်တန်းသားများ စုစုပေါင်း ၃၀ ဦးတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)