စားသုံးသူ‌ရေးရာဦးစီးဌာန၊စစ်ကိုင်းတိုင်းဒေသကြီး၊တိုင်းဒေသကြီးဦးစီးမှူးရုံး၌ တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု သင်တန်းဖွင့်လှစ်

Powered by Drupal

    အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်နှင့် မိသားစုကိုယ်ပိုင်လုပ်ငန်းဖြင့်  ဝင်ငွေတိုးပွားရရှိစေရန် ရည်ရွယ်၍  စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းလျက် မိသားစုကိုယ်ပိုင်လုပ်ငန်းဖြင့် အသက်မွေးလိုသူများအတွက် တန်ဖိုးမြှင့်စားသောက်ကုန်(Bakery) အမျိုးမျိုးထုတ်လုပ်မှုနည်း ပညာပေးသင်တန်းကို စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီး ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ပေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို (၄.၇.၂၀၂၃)ရက်နေ့ ၊နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပြီး  (၄.၇.၂၀၂၃)ရက်မှ (၁၀.၇.၂၀၂၃ )ရက်နေ့ထိ  စာတွေ့/ လက်တွေ့ ရက်သတ္တပတ်ကြာ ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ရာ မုံရွာမြို့နှင့် အခြားသော မြို့နယ်များမှ သင်တန်းသား/သူ စုစုပေါင်း (၂၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

    အခမ်းအနားတွင် ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်မောင်းက အဖွင့်အမှာစကားပြောကြားရာ ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများအကြောင်းနှင့်  တန်ဖိုးမြှင့်စားသော ကုန်(Bakery) အမျိုးမျိုး ထုတ်လုပ်မှု နည်းပညာပေးသင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ တန်ဖိုးမြှင့် စားသောက်ကုန် (Bakery)အမျိုးမျိုးထုတ်လုပ်မည့် ကုန်ကြမ်းပစ္စည်းများနှင့် အရည် အသွေး ပြည့်ဝကောင်းမွန် သော စားသောက်ကုန် ကုန်ချောများထုတ်လုပ်နိုင်ရေး ရှင်းလင်း ပြောကြားခဲ့ပါသည်။

     အဆိုပါသင်တန်းသို့ ညွှန်ကြားရေးမှူးနှင့်တက်ရောက်လာကြသော သင်တန်းနည်းပြများ၊ သင်တန်းသား/သူများနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)