ဂျုံခေါက်ဆွဲလုပ်ငန်းနှင့် ပြောင်းဖူးပေါက်ပေါက်လုပ်ငန်းတို့အား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

  ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ(၁၂)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပူးပေါင်း၍  တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ “ဆင်”အမှတ်တံဆိပ်ဂျုံခေါက်ဆွဲလုပ်ငန်းနှင့် လွယ်တော်ခမ်းကျေးရွာရှိ “Love Bike”တံဆိပ်ပြောင်းဖူးပေါက်ပေါက်လုပ်ငန်းတို့အား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်အတွက် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

  ထိုသို့စစ်ဆေးရာတွင် “ဆင်”တံဆိပ်ဂျုံခေါက်ဆွဲနှင့် “Love Bike”တံဆိပ်ပြောင်းဖူးပေါက်ပေါက်တို့သည် စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၈)ပါ “ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း” နှင့် ပတ်သက်၍ပြည့်စုံစွာဖော်ပြထားပြီး ထုတ်ကုန်များကိုလည်း သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်ဖြန့်ချိသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများသည် လုပ်ငန်းရှင်များအား စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးကို အလေးထားဆောင်ရွက်ရန်၊ သက်ဆိုင်ရာဌာနများ၏ထောက်ခံချက်များနှင့် လုပ်ငန်းမှတ်ပုံတင်များပြုလုပ်ရန်၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကို လိုက်နာဆောင်ရွက်ရန် လမ်းညွှန်ခဲ့ကြပါသည်။

DOCA(ရှမ်း)