မွန်ပြည်နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု Thursday Talk ကျင်းပပြုလုပ်

Powered by Drupal

      ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်အထောက်အကူပြု Thursday Talk ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ရုံးနှင့် မော်လမြိုင်ခရိုင်ရုံးမှ ဝန်ထမ်းစုစုပေါင်း (၃၁) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

  အဆိုပါ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြုThursday Talk အသိပညာပေး ဟောပြောဆွေးနွေးပွဲတွင် ပြည်နယ်ဦးစီးမှူးက အဖွင့်အမှာစကားပြောကြားပြီးနောက် ပြည်တွင်း ကုန်သွယ်ရေးဖွံ့ဖြိုးမှုနှင့်သုတေသနဌာနခွဲမှ ဒေါ်တွယ်တာလမင်း အငယ်တန်းစာရေးက “ Personal and Professional Networking” အကြောင်း ဆွေးနွေးခဲ့ပြီး၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲမှ ဒေါ်သဇင်ဖြိုးမြတ် အငယ်တန်းစာရေးက “Demand and Supply” အကြောင်း ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသောသူများမှ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ဝန်ထမ်းများမှ ဆွေးနွေးချက်များအပေါ် ပြည်နယ်ဦးစီးမှူးက ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)