
၂၀၂၃ခုနှစ် ၊ ဇူလိုင်လ ၁၁ရက်နေ့၊ နံနက်(၀၉း၀၀)တွင် ထားဝယ်မြို့၊ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများကို ဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
ထိုသို့ကျင်းပပြုလုပ်ရာ၌ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာစကားပြောကြားပြီးနောက် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးလွင်က စားသုံးသူကာကွယ်ရေးဥပဒေကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေးအတွက် စားသုံးသူအခွင့်အရေးနှင့်စားသုံးသူ၏တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ စားသုံးသူပြည်သူများ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူသုံးဆောင်ရာတွင် ဘေးအန္တရာယ် ကင်းရှင်းစေရေး၊ စားသုံးသူ၏ နစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားနိုင်သည့် နည်းလမ်းများစသည့် စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း သိကောင်းစရာများကို လည်းကောင်း၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်မောင်ထွေးက အန္တရာယ်ကင်းသော အစားအစာများ ဖြစ်ပေါ်စေရေးအတွက် ဆောင်ရွက်ရမည့် အချက်(၅)ချက်အကြောင်း ဆွေးနွေးဟောပြော ခဲ့ကြပြီး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ပါ သည်။
အခမ်းအနားသို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာမများ ၊ ကျောင်းသား/ကျောင်းသူများ၊ အင်အား(၁၄၀)ဦးခန့် တက်ရောက်ခဲ့ပြီး အခမ်းအနားကို နံနက် (၁၁း၀၀) နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)