ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းသင်တန်း သို့ တက်ရောက်နေကြသော ကော်မတီဝင် များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

Powered by Drupal

  ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြေပုံမြို့နယ်တာဝန်ခံ ဦးစံညွှန့်(ဦးစီးမှူး) နှင့် ဝန်ထမ်းများသည် (၁၂-၇-၂၀၂၃) ရက်နေ့၊ မွန်းတည့် (၁၂:၀၀) နာရီအချိန်တွင် မြေပုံမြို့၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၌ ဖွင့်လှစ်ပို့ချနေသော “ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းသင်တန်း” သို့ တက်ရောက်နေကြသော ကျေးရွာ (၇) ရွာ မှ ကော်မတီဝင် စုစုပေါင်း (၄၉) ဦးနှင့် ၎င်းဌာနမှ ဝန်ထမ်း (၅)တို့အပါအဝင် စုစုပေါင်း (၅၄) ဦးကို  စားသုံးသူကာကွယ်ရေးအသိပညာပေးခဲ့ပါသည်။

    အဆိုပါ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံက  စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ်(Motto) “စားသုံးသူ အခွင့်အရေးဦးစားပေး”နှင့် မျှော်မှန်းချက်၊ ရည်မှန်းချက်များကို ချပြဆွေးနွေးပြီး စားသုံးသူများအနေဖြင့် မိမိတို့၏ စားသုံးသူအခွင့်အရေးများဆုံးရှုံးမှုမရှိစေရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းစေရေး အတွက် ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုရာတွင် သိရှိလိုသည့် သတင်းအချက် အလက်များအား စီးပွားရေးလုပ်ငန်းရှင်များသို့ မေးမြန်းပြီးမှ ဝယ်ယူသုံးစွဲကြရန်၊ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊အခန်း(၁၈)၊ ပုဒ်မ(၄၁)အရ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြပါရှိသော  ကုန်စည်များကိုသာ ဝယ်ယူသုံးစွဲကြရန်နှင့် စားသုံးသူအခွင့်အရေး ဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက စားသုံးသူရေးရာဦးစီးဌာန၏ Call Center 1535 သို့လည်းကောင်း၊ ဦးစီးဌာန၏ Website www.doca.gov.mm နှင့် DOCA Myanmar Mobile Application တို့တွင်လည်းကောင်း ဆက်သွယ် တိုင်ကြားနိုင်ပါကြောင်း ချပြအသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရခိုင်)