
စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ(၁၀)ရက်နေ့၊ နေ့လယ်(၁၂:၃၀)အချိန်တွင် ငရုတ်ကောင်းကျေးရွာရှိ လူမှန်ဆန်စက်၌လုပ်သား ဝန်ထမ်း(၈)ဦးကို စားသုံးသူကာကွယ်ရေး အသိပညာပေးခဲ့ပါသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် စားသုံးသူကာကွယ်ရေး ဥပဒေနှင့်ပတ်သက်၍ စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူခြင်းမပြုမီ သတိပြုဆောင်ရွက်ရမည့်အချက်များ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့်အချက်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်းပြီး စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်ယူမှု၊ တာဝန်ခံမှုများအကြောင်းနှင့် ဈေးကွက်တွင်လည်း လုံခြုံစိတ်ချရမှုရှိပြီး အရည်အသွေးမီကုန်စည်များကို ရွေးချယ်ဝယ်ယူသုံးစွဲကြရန်နှင့် FDAမှ တားမြစ်ကုန်စည်များအကြောင်း၊ ထိုကုန်စည်များကိုလည်း ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)