ကျိုက်လတ်မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ အထူးဈေးနှုန်းဖြင့် စားသုံးဆီရောင်းချနေမှုအား ကွင်းဆင်းစိစစ်ခြင်း

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး  ၊   ဖျာပုံခရိုင်  ၊      ကျိုက်လတ်မြို့နယ်      စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (ယာယီ) ဥက္ကဌ        ဦးကျော်မင်းသူ၊ ဒုဥက္ကဌဦးလန်ဘား၊ ဘဏ္ဍာရေးမှူး ဦးအေးရွှေနှင့်အတူ ဇူလိုင်လ(၉)ရက်နေ့ ၊   နေ့လယ်(၁၆:၀၀)နာရီအချိန်တွင် ကျိုက်လတ်မြို့ပေါ်ရှိ အမှတ်(၅)ရက်ကွက်တွင်  စားသုံးဆီများကို   အထူးဈေးနှုန်းဖြင့် ရောင်းချနေမှုကို သွားရောက်ကွင်းဆင်း စိစစ်ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ ကွင်းဆင်းစိစစ်ရာတွင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်း(ယာယီ)အနေဖြင့်  စားသုံးသူပြည်သူများကို သက်သာသောဈေးနှုန်းဖြင့် သုံးစွဲနိုင်ရေးအတွက် စားသုံးဆီများကို ဖြန့်ဖြူးရောင်း ချပေးခြင်းဖြစ်ပြီး ထိုအသင်းမှခွဲဝေရရှိသည့် စားအုန်းဆီများကို မြို့ပေါ်ရပ်ကွက်ရှိ ပြည်သူများအတွက်  စားအုန်းဆီ( ၁ )ပိဿာလျှင်( ၄၄၀၀ )ကျပ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ ရောင်းချမှုပုံစံနှင့်        အချိန်အတွယ်မှန်ကန်ရေးတို့အား ကွင်းဆင်းကြပ်မတ်ဆောင်ရွက်ခဲ့ပါသည်။

DOCA(ဧရာဝတီ)