မြိတ်မြို့၊ ကိုယ်ပိုင်အထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအကြောင်းအသိပညာပေး

Powered by Drupal

  မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် ခရိုင်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတို့သည် ၂၀၂၃ခုနှစ်၊ဇူလိုင်လ (၁၂)ရက်နေ့တွင် ကန်စွန်းအင်းကိုယ်ပိုင်အထက်တန်းကျောင်း၌ ဘေးအန္တရာယ်ကင်းရှင်းစွာဝယ်ယူ စားသုံးနိုင်ရေးအတွက် ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများ‌ဟောပြောခဲ့ကြပါသည်။

  အဆိုပါ ဟောပြောပွဲတွင်စားသုံးသူများအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သောအကြောင်းအရာများ၊ စားသုံးသူများအတွက် အခွင့်အရေးနှင့်နစ်နာမှုအတွက်တိုင်ကြားခွင့်၊  ကုန်အညွန်းအမှတ်အသားဆိုင်ရာ အချက်အလက်များ၊ အန္တရာယ်ရှိသောဆိုးဆေးများ၊ တားမြစ်ထားသောစားသောက်ကုန်များ၊ အစားအသောက်များ ချက်ပြုတ်မစားသောက်မီ လိုအပ်သောအချက်များအပြင် အစားအသောက်ခွင့်ပြုထောက်ခံချက် တို့အကြောင်း ‌ဆွေးနွေးပြောကြားခဲ့ကြပါသည်။ ဟောပြောပွဲအပြီးတွင် အစားအသောက်ဘေးကင်းလုံခြုံရေးအတွက် ကျောင်းမုန့်ဈေးတန်းနှင့် ကျောင်းထမင်းဆိုင်များသို့လည်း ကွင်းဆင်းစစ်းဆေးခဲ့ကြပါသည်။

DOCA(တနင်္သာရီ)