ကရင်ပြည်နယ်အတွင်း စားသုံးဆီအမျိုးမျိုးကို ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

    ကရင်ပြည်နယ်အတွင်းရှိ ဈေးများ၊လက်လီ/လက်ကားအရောင်းဆိုင်များ၊ကုန်တိုက်/Shoppig Mallများတွင် ရောင်းချနေသောစားသုံးဆီအမျိုးမျိုးကို စားသုံးသူရေးရာဦးစီးဌာနအပါအဝင်၊ ကရင်ပြည်နယ် စားသုံးသူရေးရာကော်မတီဝင်များက ဈေးကွက်‌စောင့်ကြည့်စစ်ဆေးခဲ့ကြကြောင်း သိရသည်။

  ယခုဈေးကွက်စောင့်ကြည့်စစ်ဆေးသည့် စားသုံးဆီအမျိုးမျိုးသည် စားသုံးသူပြည်သူများ၏ နေ့စဉ်ချက်ပြုတ်စားသောက်မှုတွင် မပါမဖြစ်ထည့်သွင်းအသုံးပြုရသည့် ကုန်စည်ဖြစ်ခြင်းကြောင့် သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုမရှိသည့်ဆီများနှင့် ပြန်လည်သန့်စင်ထားသည့်ဆီများ ဈေးကွက်အတွင်းရောင်းချနေပါက စားသုံးသူများကိုဘေးအန္တရာယ်ဖြစ်ပွားစေနိုင်ပြီး ဘေးအန္တရာယ် ဖြစ်စေနိုင်မည့်ဆီများကို ရေရှည်စာသုံးမိပါက စားသုံးသူများအနေဖြင့် ကျန်းမာရေးဆိုင်ရာ ဆိုးကျိုး များ ဖြစ်ပွားလာနိုင်ခြင်းကြောင့်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်းနှင့် စစ်ဆေးရာ၌ စားသုံးဆီအမျိုးမျိုးတွင် ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွန်းအမှတ်အသား ဖော်ပြရမည့် အသေးစိတ်အချက်များ ပါဝင်မှုရှိ/မရှိ နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော (၁/၂၀၂၁) အရ ဟင်းသီးဟင်းရွက်ဆီနှင့် စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသော ကုန်စည်၏ အမျိုးအမည်ကို မြန်မာဘာသာဖြင့်တိကျစွာ ဖော်ပြစေခြင်းကို လိုက်နာဆောင်ရွက်မှု ရှိ/မရှိ အခြေအနေများအား ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တွင် ၁၀-၇-၂၀၂၃ ရက်နေ့တွင်လည်းကောင်း၊ မြဝတီခရိုင်တွင် ၁၂-၇-၂၀၂၃ ရက်နေ့တွင်လည်းကောင်း၊ ဘားအံခရိုင်တွင် ၁၃-၇-၂၀၂၃ ရက်နေ့တွင်လည်းကောင်း စားသုံးသူရေးရာဦးစီးဌာနပါ ကရင်ပြည်နယ် စားသုံးသူရေးရာကော်မတီဝင်များက ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

          စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကုန်အညွှန်း အမှတ်အသား သတ်မှတ်ချက်များနှင့်အညီဆောင်ရွက်နိုင်ရေးအတွက် စားသုံးသူများနှင့် စီးပွားရေး လုပ်ငန်းရှင်များကြား သတိပေးချက် (Alert) တစ်ခုဖြစ်စေနိုင်ရန်နှင့် စားသုံးများအတွက်လည်း ဘေးအန္တရာယ်ကင်းရှင်းသော ကုန်စည်များကိုသာ ဝယ်ယူရရှိနိုင်စေရန်  ရည်ရွယ်၍ စားသုံးသူ အသုံးပြုမှုမြင့်မားပြီး ထိခိုက်နစ်နာနိုင်ခြေမြင့်မားသည့် စားသုံးဆီအမျိုးမျိုး၊ အချိုရည်အမျိုးမျိုးနှင့် ထိခိုက်နစ်နာလွယ်သော စားသုံးသူ အုပ်စုဖြစ်သည့် ကလေးများအတွက် ရည်ရွယ်ထုတ်လုပ်သည့် ကလေးအာဟာရ ဖော်စပ်ဖြည့်စွက်စာအမျိုးမျိုးတို့အား ဦးစားပေးကုန်စည်(၃)မျိုးအဖြစ် ရွေးချယ်ပြီး အချိန်ကာလတစ်ခုသတ်မှတ်ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

DOCA(ကရင်)