စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ဝန်းထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု Thursday Talk အသိပညာပေးဟောပြောပွဲ (၇/၂၀၂၃)ကို ကျင်းပပြုလုပ်ခဲ့ပါသည်။
ပထမဦးစွာ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ထမ်းများ စွမ်းဆောင်ရည် မြင့်မားစေရေး အတွက် Thursday Talk အသိပညာပေးသင်တန်းများ ကျင်းပရခြင်းဖြစ်ကြောင်း၊ ရုံးလုပ်ငန်းများ ဆောင်ရွက်ရင်း ဝန်ထမ်းများ၏ ဝမ်းစာများပြည့်ဝဖို့အတွက် Thursday Talk ကို တစ်လလျှင် (၁)ကြိမ် ကျင်းပသွားမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် သေချာစွာ လေ့လာမှတ်သားကြပြီး အပြန်အလှန်ဆွေးနွေးကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ထုတ်ကုန်လုံခြုံစိတ်ချရမှုတာဝန်ခံ ဒေါ်အေးအေးခိုင် (ဦးစီးမှူး)က ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲ၏ လုပ်ငန်းဆောင်ရွက်ချက်များကိုလည်းကောင်း၊ ဒေါ်နုနုလွင် (ဒု-ကြီးကြပ်ရေးမှူး)က စီမံ(အထွေထွေ) အသုံးစရိတ်အကြောင်း သိကောင်းစရာများကို လည်းကောင်း၊ ဦးဝေယံမြင်အောင်(ဒု-ကြီးကြပ်ရေးမှူး)က တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဆိုင်ရာ သိကောင်းစရာများကို လည်းကောင်း Power Point များဖြင့် ဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ဝန်ထမ်းများက သိရှိလိုသည်များကို မေးမြန်းမှုအပေါ် အပြန်အလှန် ဆွေးနွေးခြင်းများပြုလုပ်ခဲ့ပြီး နေ့လယ် (၁၂:၀၀)အချိန်တွင် ဟောပြောဆွေးနွေးပွဲ ရုပ်သိမ်းခဲ့ပါသည်။ အဆိုပါ သင်တန်းသို့ စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီးမှူးများနှင့် ဌာနခွဲတာဝန်ခံများ၊ အရာထမ်း/ အမှုထမ်းများ စုစုပေါင်း (၃၃)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
DOCA(မကွေး)