ကန့်ဘလူမြို့ပေါ်ရှိ စားသုံးဆီရောင်းချသောကုန်စုံဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ်ဆောင်ရွက်လျက်ရှိရာ စားသုံးသူပြည်သူများကို အသိပညာပေးဟောပြောခြင်း၊ ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များကို ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်းများ လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

  ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်၊ နံနက် ၁၀:၃၀ နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်း(၂)ဦး ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး တို့ဖြင့်ပူးပေါင်း၍ ဈေးကွက်အတွင်းရောင်းချနေသော စားသုံးဆီအမျိုးအမျိုးနှင့်စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ GOOD CHOICE အဆင့်မြင့်စားအုန်းဆီ နှင့် Duck ဟင်းသီးဟင်းရွက်ဆီတို့တွင် ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားကြောင်း စိစစ်တွေ့ရှိရသည်။

  ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းမှ စားသုံးဆီ အမျိုးမျိုးရောင်းချသည့် လုပ်ငန်းရှင်များအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် အသေးစိတ်စိစစ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ထားခြင်းမရှိသောကုန်စည်များနှင့် မြန်မာ ဘာသာကုန်အညွှန်းအမှတ်အသားများ လုံးဝ(လုံးဝ)ဖော်ပြထားခြင်းမရှိဘဲ အခြားဘာသာများဖြင့် ဖော်ပြထားသောကုန်စည်များအား ရောင်းချခြင်းမပြုလုပ်ကြရန်နှင့် ဥပဒေအရအရေးယူခံရနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)