တောင်ငူမြို့ အမှတ်(၁၇)ရပ်ကွက်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာဗဟုသုတရရှိစေရန်အတွက် အခြေခံပညာကျောင်းများ၊ တက္ကသိုလ်၊ ကောလိပ်၊ သင်တန်းကျောင်းများနှင့် ရပ်ကွက်ကျေးရွာများတွင် စားသုံးသူကာကွယ်ရေဆိုင်ရာ အသိပညာပေး ဟောပြောပွဲများပြုလုပ်၍ အသိပညာပေးခြင်းကို ဆောင်ရွက်လျက်ရှိပါသည်။

    စားသုံးသူရေးရာဦးစီးဌာန တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူသည် ၂၀၂၃ခုနှစ်၊ဇူလိုင်လ ၁၁ ရက်နေ့ မွန်းလွဲပိုင်းက တောင်ငူမြို့ အမှတ်(၁၇)ရပ်ကွက်ရှိ တောင်ကွေ့ဈေး အခြေခံပညာမူလတန်းလွန်ကျောင်းခန်းမ၌ ယင်းကျောင်းမှ ကျောင်းသားမိဘများအား စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေး ဟောပြောခဲ့ပါသည်။

   မြို့နယ်တာဝန်ခံသည် စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှု မဖြစ်စေရေးအတွက် ဦးစီးဌာန၏ ဆောင်ရွက်ချက်များ၊ ကုန်စည်များတွင် ဖော်ပြထားသည့် ကုန်အညွှန်းအမှတ်အသားများ၏ အရေးကြီးပုံများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက တိုင်ကြား နိုင်ခြင်းများကို  အကျယ်တဝင့် ဆွေးနွေးဟောပြောပါသည်။

    ထို့နောက်မြို့နယ်တာဝန်ခံသည် တက်ရောက်လာသူများ၏ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ တောင်ကွေ့ဈေး အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသားမိဘ ၅၄ ဦး တက်ရောက်ခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)