ပေါက်ခေါင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများအား စားသုံးသူအသိပညာပေးဆွေးနွေး

Powered by Drupal

  စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်ခရိုင်အတွင်းရှိ ကျောင်းဆရာ၊ ဆရာမများမှတဆင့် ကျောင်းသားကျောင်းသူများကို စားသုံးသူကာကွယ် ရေး ဥပဒေပါ အကြောင်းအရာများအား ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေး ရည်ရွယ်၍ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမ ကြီးများအား ပေါက်ခေါင်းမြို့ အ.ထ.ကကျောင်း၌ ၂၀၂၃ခုနှစ်၊ဇူလိုင်လ (၄)ရက်နေ့၊ နံနက်ပိုင်းတွင် စားသုံးသူအသိပညာပေးဆွေးနွေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။

 ဆွေးနွေးဟောပြောပွဲတွင် ပြည်ခရိုင်ဦးစီးမှူး ဦးမင်းဆွေမှ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူတို့၏ အခွင့်အရေးများနှင့် လိုက်နာရမည့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားရေးသား ဖေါ်ပြခြင်းဆိုင်ရာပြဌာန်းချက်များနှင့် စားသုံးသူနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ဆက်သွယ် တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်းအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခြင်းဆောင်ရွက်ခဲ့ပါသည်။

   အဆိုပါ ဆွေးနွေးဟောပြောပွဲသို့ ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီး (၁၈၄)ဦး တက်ရောက် ခဲ့ကြပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)