ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲကျင်းပ

Powered by Drupal

          ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ စျေးနှုန်းစျေးကွက်အခြေအနေများ တည်ငြိမ်စေရေးအတွက် ရည်ရွယ်ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၊ စီးပွားရေးရာဝန်ကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံပွဲကို (၇.၈.၂၀၂၁)ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ သာသနာ့ဗိမာန်ခန်းမ၌ ကျန်းမာရေးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီကျင်းပခဲ့ပြီး အဆိုပါ အစည်းအဝေးသို့ သက်ဆိုင်ရာအစိုးရဌာနများနှင့် စီးပွားရေးလုပ်ငန်းရှင်(၆၁)ဦး တက်ရောက်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲ၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြား ရာတွင် တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုအခြေအနေ ၊ တိုင်းဒေသကြီးအတွင်း လုံခြုံတည်ငြိမ်‌ရေး၊ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးဆောင်ရွက်နေမှုအခြေအနေများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်သွယ်မှုကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးက ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်‌ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများ စားသုံးသူကာကွယ်ရေး ဥပဒေအရ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့်ကျင့်ဝတ်များနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးပြီး နိုင်ငံတော်မှ ချမှတ်ပေးထားသော မူဝါဒများ၊ ဦးတည်ချက်များ၊ လုပ်ငန်းစဉ်များတွင် တည်ငြိမ်သော စျေးကွက်တစ်ခုကို ဖော်ဆောင်၍ အခြေခံစားသုံးကုန်များအပေါ်တွင် ကုန်‌စျေးနှုန်းမြင့်မားမှု မဖြစ်ပေါ်စေရေးအတွက် ဆောင်ရွက်လျှက်ရှိကြောင်း၊ ရှေ့ဆက်လုပ်ဆောင်မည့် မူဝါဒလမ်းစဉ်(၅)ရပ်တွင် တတိယအချက်ဖြစ်သော ကိုဗစ်-၁၉ ကြောင့် ယိမ်းယိုင်ခဲ့ရသော စီးပွားရေးလုပ်ငန်းများကို အမြန်ဆုံး ကုစားနိုင်ရေးအတွက် ဆောင်ရွက်လျှက်ရှိပါကြောင်းကို ဆွေးနွေးပြောကြားခဲ့ပါသည်။ တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်လာသည့် စီးပွားရေးလုပ်ငန်းရှင်(၅)ဦးမှ မိုးစပါးထွက်ရှိသည့်အချိန်တွင် တောင်သူလယ်သမားများမှ သင့်တင့်သောစျေးနှုန်း ရရှိစေရန်၊ ငွေကြေးလည်ပတ်စီးဆင်းမှုအဆင်ပြေစေရန်၊ မိုးစပါးထွက်ရှိချိန်တွင် ဘဏ်စနစ်ဖြင့် ဆောင်ရွက်မည်ဆိုပါက စပါးစိုက်တောင်သူများနှင့် ဆန်စက် လုပ်ငန်းရှင်များအဖို့ ငွေကြေးလည်ပတ်စီးဆင်းမှုတွင် အခက်အခဲများရှိလာနိုင်၍ မလိုလားအပ်သော ပြဿနာများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ ယခုလက်ရှိအချိန်တွင် ကုန်ကြွေးစနစ်ဖြင့် သွင်းအားစုများကို မရောင်းချသည့်အတွက် တောင်သူလယ်သမားများအဖို့ အခက်အခဲများရှိနေပါကြောင်း၊ နိုင်ငံခြားမှ တင်သွင်းသော စိုက်ပျိုးရေးသုံးစက်ပစ္စည်းများနှင့်ပတ်သက်၍ အခွန်အခများ ဖြေလျာ့ပေးစေလိုကြောင်း၊ ဆွေးနွေးခဲ့ရာ သက်ဆိုင်ရာ အစိုးရဌာနများမှ ပြန်လည်ဖြေကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီး၊ စိုက်ပျိုးရေး ဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူးက ဆွေးနွေးရာတွင် ယခုနှစ်တွင် သွင်းအားစု ဓာတ်မြေသြဇာ စျေးနှုန်းများသည် ထက်ဝက်ခန့်မြင့်တက်သွားရခြင်းမှာ ကိုဗစ်-၁၉ ရောဂါအခြေအနေများကြောင့် သွင်းအားစုများ ပြည်တွင်းသို့ ရောက်ရှိရန် ကြန့်ကြာနေခြင်းကြောင့်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာများမှ ပြည်တွင်းသို့ အမြန်ဆုံးရောက်ရှိရန် ကြိုးပမ်းလျှက်ရှိကြောင်း၊ မိမိတို့ဌာနသည် နိုင်ငံတွင်းသို့ ဝင်ရောက်လာသော စိုက်ပျိုးရေးသုံးဆေးပစ္စည်းများကို အရည်အသွေးပြည့်မီမှု ရှိ/မရှိ ပါဝင်နှုန်းထား ပြည့်/ မပြည့်ကိုသာ အဓိကထား လုပ်ဆောင်ပေးနေပါကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ ယနေ့ အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အစိုးရအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လက်ရှိဆောင်ရွက်နေသော လူမှုရေးဆိုင်ရာ ကိစ္စရပ်များ၊ စီးပွားရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ တင်ပြဆွေးနွေးသည်ကို တွေ့ရှိရပြီး အစည်းအဝေးမှ ထွက်ပေါ်လာသော အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ်တွင် သက်ဆိုင်ရာ အစိုးရဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီး အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှ ၎င်းတို့ဌာနသည် စီးပွားရေးသတင်းများကို အထက်သို့ တင်ပြပေးရသော ဌာနဖြစ်ပါကြောင်း၊ လက်ရှိနိုင်ငံရေးအခြေအနေများကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေး စျေးကွက်အခြေအနေ၊ လုပ်ငန်းရှင်များ ဖြစ်ပေါ်လာနိုင်သည့်အခက်အခဲများ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ကြုံတွေ့လာနိုင်သည့် ပြဿနာများ၊ စီးပွားရေးသတင်း၊ ကုန်စျေးနှုန်းသတင်းများကို မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ နေ့စဉ်ဆောင်ရွက်နေရသော ဌာနဖြစ်ပါကြောင်းကို ဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးက စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် (Recovery)စနစ်ကို ကျင့်သုံးမည်ဖြစ်ပြီး ကိုဗစ်-၁၉ ကာလတွင် ထိခိုက်မှုရှိသော စီးပွားရေးလုပ်ငန်းရှင်များအတွက် ဘဏ်စနစ်များ၊ သွင်းအားစုအခက်အခဲများ၊ စီးပွားရေးနှင့်ပတ်သက်၍ ဝန်ထုပ်ဝန်ပိုးအခက်အခဲများကို နည်းလမ်းတကျ လျှော့ချနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ဖြေရှင်းဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်းကို အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့၍ အခမ်းအနားကို ၁၂:၃၀ နာရီတွင် ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။