ကွန်ပျူတာ တက္ကသိုလ်(ပြည်)တွင် စားသုံးသူအသိပညာပေးဟောပြောဆွေးနွေး

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်ခရိုင်အတွင်း စားသုံးသူပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စားသုံးသူကာကွယ်ရေး ဆိုင်ရာ အကြောင်းအရာများအား ကျယ်ကျယ်ပြန့်ပြန့်သိရှိလိုက်နာနိုင်စေရေးရည်ရွယ်၍ ၂၀၂၃ခုနှစ်၊ဇူလိုင်လ (၁၂)ရက်နေ့၊ နံနက်ပိုင်းတွင် ပြည်မြို့ ကွန်ပျူတာတက္ကသိုလ် ကျောင်းသား/ ကျောင်းသူများကို ပြည်မြို့၊ ကွန်ပျူတာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ စားသုံးသူအသိပညာ ပေးဟောပြောဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

    ဆွေးနွေးဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူး ဦးမင်းဆွေမှ စားသုံးသူတို့၏ အခွင့်အရေးများ လိုက်နာရမည့်အချက်များ၊ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြား နိုင်သည့်နည်းလမ်းများ၊ ကုန်အညွှန်းအမှတ်အသားရေးသားဖေါ်ပြခြင်းဆိုင်ရာ ပြဌာန်းချက်များ အကြောင်းအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခြင်းဆောင်ရွက်ခဲ့ပြီး ပဲခူးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှလာရောက်ပူးပေါင်း၍ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်မေသန်းနိုင်မှလည်း အစားအသောက်ဆေးဝါးအလှကုန်များဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အကြောင်းအရာများအား ရှင်းလင်းဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

    အဆိုပါ ဆွေးနွေးဟောပြောပွဲသို့ ကွန်ပျူတာတက္ကသိုလ်(ပြည်)မှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ (၅၅၆)ဦးတက်ရောက်ခဲ့ကြပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များလည်း ဝေငှပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)