ထားဝယ်မြို့မစျေးအတွင်းရှိ စားသောက်ကုန်အရောင်းဆိုင်များကို စျေးကွက်စောင့်ကြည့် စစ်ဆေး

Powered by Drupal

    ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ၊ ၂၁ ရက်နေ့ ၊ နံနက် ၀၉:၃၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ထားဝယ်မြို့မစျေးအတွင်းရှိ စားသောက်ကုန်ပစ္စည်းအမျိုမျိုး အရောင်း ဆိုင်များကို စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

  အဆိုပါ စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူပြည်သူများ‌ ဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူသုံးစွဲနိုင်စေရေးအတွက် စျေးကွက်အတွင်း မြန်မာဘာသာနှင့် အခြားဘာသာတစ်ခုခုနှင့်ဖြစ်စေ တွဲလျက်ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာပါရှိသည့် စားသောက်ကုန်ပစ္စည်းများကိုသာ ရောင်းချနေမှု ရှိ/မရှိနှင့် သက်တမ်းလွန် စားသောက်ကုန်ပစ္စည်းများ ရောင်းချနေမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)