ကွမ်းသီးတိုးချဲ့တင်ပို့နိုင်ရေး ညှိနှိုင်းအစည်းအဝေးတက်ရောက်

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး  စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူး ဦးစိုးအောင်သည် ၂၀၂၃ခုနှစ်၊ဇူလိုင်လ ၁၈ ရက်နေ့ ၊နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန ရုံးအမှတ် (၅၂)  နေပြည်တော်၌ Virtual ဖြင့် ကျင်းပပြုလုပ်သော ကွမ်းသီးတိုးချဲ့တင်ပို့နိုင်ရေးနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးသို့ ပုသိမ်မြို့မှ ကွမ်းသီးအရောင်းအဝယ်ပြုလုပ်နေသော လုပ်ငန်းရှင် (၂) ဦးနှင့်အတူ တက်ရောက်ခဲ့ပါသည်၊၊

   အစည်းအဝေးတွင် တိုင်းဦးစီးမှူး ဦးစိုးအောင်က တိုင်းအတွင်း ကွမ်းသီးအများဆုံး စိုက်ပျိုးလျက်ရှိသော ခရိုင်၊ မြို့နယ်များနှင့် ကွမ်းသီးစိုက်ဧက၊ တွက်ခြေကိုက်မှု ၊ စိုက်ဧကတိုး၊လျော့ ကုန်ချောထုတ်လုပ်မှုနှင့် ဈေးကွက်ရောင်းချမှုတို့ကို ဆွေးနွေး၍ တက်ရောက်လာသော လုပ်ငန်းရှင်များမှ ဒေသတွင်းစားသုံးမှု၊ ရန်ကုန်ဈေးကွက်သို့ အဓိကတင်ပို့ရောင်းချမှု ၊ဈေးကွက်အခြေအနေ အကျိုးအမြတ်ရရှိမှုနှင့်  ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချမှု အခြေအနေများကို ဆွေးနွေးတင်ပြခဲ့ပါသည်။

DOCA(ဧရာဝတီ)