ဖျာပုံမြို့တွင် တစ်ပိုင်တစ်နိုင်လုပ်ကိုင်သော မုန့်မျိုးစုံလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုရှိနေ

Powered by Drupal

    ဖျာပုံမြို့နယ်အတွင်းရှိ တစ်ပိုင်တစ်နိုင်လုပ်ကိုင်သော မုန့်မျိုးစုံလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေး၊   ဈေးကွက်ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာစေရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး စားသုံးသူများ  ဘေးဥပဒ်အန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်လုပ်သူများ ပိုမိုအကျိုးစီးပွားဖြစ်ထွန်းလာစေရေး ရည်ရွယ်၍ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ(၁၇)ရက်နေ့တွင်  အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့်  စားသုံးသူရေးရာဦးစီး   ဌာနတို့ပူပေါင်း၍ မုန့်မျိုးစုံထုတ်လုပ်လျက်ရှိသော ရွှေဒေါင်းမင်းအလုပ်ရုံသို့ ကွင်းဆင်းခဲ့ပါသည်။

    အဆိုပါအလုပ်ရုံတွင် ထုတ်လုပ်နေသောကိတ်မုန့်အမျိုးမျိုး၊ ပေါင်မုန့်၊ ကွတ်ကီးမုန့်များ၏     ဈေးနှုန်းဈေးကွက်နှင့် ဖြန့်ဖြူးမှုအခြေအနေများ၊ တစ်ရက်ထုတ်လုပ်နိုင်မှုနှင့် အကျိုးအမြတ်ရရှိမှု      အခြေအနေများ၊ မုန့်မွှေစက်၊ မုန့်ဖုတ်စက်၊ ထုပ်ပိုးမှုစက်များ၏ ရင်းနှီးမြုပ်နှံမှုနှင့် သယ်ယူပို့ဆောင်ခ၊   အလုပ်သမားစရိတ်များနှင့် တွက်ခြေကိုက်မှု ရှိ/မရှိမေးမြန်းရာ ကွက်ကီးမုန့်တစ်မျိုးကို တစ်‌ရက်တာထုတ်လုပ်နိုင်မှုအနေဖြင့် (၅၀)ထုပ်လုပ်နိုင်ပြီး တစ်လ(၁၅၀၀)ထုပ်၊ ထုတ်လုပ်နိုင်ကာ ကွတ်ကီးမုန့်တစ်ထုပ်  အသားတင်ကုန်ကျစရိတ်မှာ (၁၅၀၀)ကျပ်၊ တစ်ထုပ်ပြန်ရောင်းဈေး(၂၃၀၀)ကျပ် ဖြစ်သည်။ သယ်ယူခ တံဆိပ်ရိုက်ပြီး စက္ကူအိတ်ခ၊မီးခ၊ စုစုပေါင်းကုန်ကျစရိတ်(၁၅၀)ကျပ် ဖြစ်သည်။ အလုပ်သမားခအနေဖြင့် မိသားစုများဝိုင်းဝန်းလုပ်ကိုင်သဖြင့် ကုန်ကျစရိတ်မရှိ၍ ထုတ်လုပ်သူ၏အကျိုးအမြတ်အနေဖြင့်  တစ်နေ့တာထုတ်လုပ်မှုအတွက် လုပ်ငန်းရှင်အနေဖြင့် အကျိုးအမြတ် (၃၅၀၀၀)ကျပ်ခန့် ရရှိ၍    တစ်လ(၁၅၀၀)ထုပ်ပုံမှန် ထုတ်လုပ်နိုင်ကာ တစ်လအမြတ်မှာ(၁၀၅၀၀၀၀)ကျပ်ရရှိကြောင်း     လုပ်ငန်းရှင်ဦးစည်သူစိုးက တွက်ချက်ပြပါသည်။

    စီးပွားရေးဈေးကွက်သဘောအရ ဈေးကွက်ဝယ်လိုအားအနေဖြင့် လစဉ်ပုံမှန်ထုတ်လုပ်လျက်ရှိပြီး ဖျာပုံခရိုင်အတွင်းရှိ မြို့နယ်များသို့ ဈေးကွက်ချဲ့ထွင် ဖြန့်ဖြူးရောင်းချလျက်ရှိရာ ထုတ်လုပ်သောမုန့်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ  ပြည့်စုံစွာဖော်ပြသွားရန်နှင့် စားသုံးသူများ ဘေးဥပဒ်အန္တရာယ်ကင်းစေရေးဆောင်ရွက်သွားကြရန် အသိပညာ‌ပေးကာ၊ ထုတ်လုပ်မှုဖြစ်စဉ်အား  ဈေးကွက်မရောက်မီနှင့်   ဈေးကွက်ရောက်ပြီး အခြေအနေများကို ဌာနဆိုင်ရာများက ကွင်းဆင်းစစ်ဆေးလျက်ရှိပြီး စားသုံးသူများ လက်ခံလာနိုင်အောင်  အသိပညာပေး  ဆောင်ရွက်လျက်ရှိကြောင်း  တာဝန်ရှိသူများက ဆွေးနွေးခဲ့သည်ဟု သိရသည်။

DOCA(ဧရာဝတီ)