
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဒေါ်ဇာဇာချိုဦးနှင့် အငယ်တန်းစာရေး ဒေါ်ခင်နွဲ့ဝင်းတို့သည် တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုနှင့်အတူ ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် စားသုံးသူပြည်သူများအား စားသုံးသူအခွင့်အရေးများနှင့် တာဝန်များအား သိရှိစေရန်၊ အစားအစာများအား ဝယ်ယူစားသောက်ရာတွင် ကုန်အညွှန်းအမှတ်အသားများပါဝင်ပြီး သတင်းအချက်အလက်ပြည့်စုံသော ကုန်စည်များကို ရွေးချယ်ဝယ်ယူတတ်စေရန်နှင့် စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားအား ကာကွယ်ရန် ရည်ရွယ်၍ (၁၇.၇.၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဂန့်ဂေါမြို့၊ မြောက်ကုန်းရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်းသို့ သွားရောက်၍ ဆရာ၊ ဆရာမ(၁၀)ဦး၊ ကျောင်းသား/ကျောင်းသူ (၁၆၅) ဦးတို့ထံသို့ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
ရှေးဦးစွာ မြောက်ကုန်းရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ဒု-ဦးစီးမှူး ဒေါ်ဇာဇာချိုဦးက ဆွေးနွေးရာတွင် ဌာန၏သမိုင်းကြောင်း၊ ဆောင်ပုဒ်နှင့် မျှော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်းအား ရှင်းလင်းပြီး စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉)တွင် ပါဝင်သော စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များ၊ တိုင်ကြားခြင်းအကြောင်းနှင့် စားသုံးသူပြည်သူများ အတွက်ကုန်စည်(သို့) ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချမှုရှိစေရေးတို့ကို ဆောင်ရွက်နေရုံသာမက စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက် စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(CICC)အား ဖွင့်လှစ်ထားရှိမှုများ၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများ အကြောင်း၊ တိုင်ကြားနိုင်သည့်နေရာများနှင့် နည်းလမ်းများအကြောင်း၊ စားသုံးသူရေးရာကိစ္စများ စုံစမ်းမေးမြန်းရန်အတွက် Consumer Call Center အားဖွင့်လှစ်ထားကြောင်း၊ Consumer Call Center အား ခေါ်ကြားနိုင်သည့် နံပါတ် 1535 ကို ခေါ်ဆို၍ သိလိုသည်များ၊ တိုင်ကြားလိုသည်များကို တိုင်ကြားမေးမြန်းနိုင်ကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ပါသည်။
DOCA(မကွေး)