ကုန်အညွှန်းအမှတ်အသား ရွေးချယ်တတ်စေရေး ကလေးငယ်များအား အသိပညာပေး

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုနှင့် ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် (၁၄.၇. ၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၁၂)ရပ်ကွက်ရှိ အမှတ်(၆) အခြေခံပညာမူလတန်းကျောင်း၌ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ (၂၁၅)ဦး၊ ဆရာ၊ ဆရာမ (၆)ဦးနှင့် မိဘပြည်သူ (၁၃)ဦး စုစုပေါင်း (၂၃၄)ဦးတို့ တက်ရောက်ခဲ့ ကြပါသည်။

      ဟောပြောပွဲတွင် အမှတ်(၆) အခြေခံပညာမူလတန်းကျောင်းအုပ်ဆရာမကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ဦးစီးမှူး ဒေါ်ကြည်ကြည်စိုးက ဌာန၏သမိုင်းကြောင်း၊ ယခုဌာနမှ ဆောင်ရွက်နေသည့် လုပ်ငန်းများအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားများတွင် ထည့်သွင်းဖော်ပြရမည့်အချက် (၈)ချက်အား တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် မိဘပြည်သူများအား ရှင်းလင်းလွယ်ကူ သိသာစေရန် နမူနာပစ္စည်းများပြသ၍ ကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်းပြီး ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှသာလျှင် သုံးစွဲစေလိုကြောင်း၊ စားသုံးသူမိဘပြည်သူများက တိကျစွာလိုက်နာ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မိမိတို့သည် ယခုလိုစားသုံးသူမိဘပြည်သူများကို အသိပညာပေးခြင်း သာမက လုပ်ငန်းရှင်များထံသို့ ကုန်အညွှန်းအမှတ်အသားများတွင် ထည့်သွင်းရမည့် အချက်များ ပြည့်စုံစွာပါဝင်နိုင်ရေးအတွက်လည်း ဌာနမှသွားရောက်ဆွေးနွေး အသိပညာပေးကြောင်း၊ သို့မှသာ ကုန်ပစ္စည်းများတွင် ထည့်သွင်းရမည့်အချက်များပါဝင်လာပြီး စားသုံးသူများအတွက် လုံခြုံစိတ်ချ ရသည့် ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်မည်ပြီး စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

    ဒုတိယဦးစီးမှူး ဒေါ်ပပရွှေက စားသုံးသူကာကွယ်ရေး အခန်း(၉)ပါ စားသုံးသူများရရှိသည့် အခွင့်အရေး (၈)ချက်ကိုလည်း ကျောင်းသား၊ ကျောင်းသူများ သိရှိနားလည်စေရန် ဥပမာများဖြင့် ရှင်းလင်းခြင်းနှင့် စားသုံးသူများလိုက်နာရမည့် တာဝန် (၄)ချက်ကိုလည်း ဆွေးနွေးပြောကြားခဲ့ပြီး အခုလိုသိရှိမှသာ မိမိတို့ရရှိမည့် အခွင့်အရေးများကို တောင်းခံနိုင်မည်ဖြစ်ကြောင်း၊ စားသုံးသူများ လိုက်နာရမည့်တာဝန်များကိုလည်း တိတိကျကျလိုက်နာရန် လိုအပ်ကြောင်းများကို ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ 

     ဆက်လက်၍ ဦးစီးမှူး ဒေါ်ကြည်ကြည်စိုးက မိဘပြည်သူများ အခွင့်အရေးများကို သိရှိပြီး နစ်နာဆုံးရှုံးမှုရှိခဲ့လျှင် တိုင်ကြားနိုင်ရန် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှု လက်ခံဆောင် ရွက်ရေးစင်တာ “CICC” ရုံးများဖွင့်လှစ်ထားရှိပြီးဖြစ်ကြောင်း၊ တိုင်ကြားနိုင်ကြောင်း၊ ထို့အပြင် Facebook စာမျက်နှာတွင်လည်းကောင်း၊ DOCA Myanmar Application တွင်လည်းကောင်း၊ Consumer Call Center ဖွင့်လှစ်ထား၍ (1535)ကို ခေါ်ဆို၍ တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားခြင်းအကြောင်းကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ပါသည်။ဟောပြောပွဲအပြီးတွင် ကျောင်းမုန့်ဈေးဆိုင်၌ စားသုံးရန်မသင့်သည့် အစားအသောက်များ ရောင်းချခြင်းရှိ/မရှိကိုလည်း ကျောင်းအုပ်ဆရာမကြီးနှင့်အတူ စစ်ဆေးခဲ့ပါသည်။

DOCA(မကွေး)