သက်ဆိုင်ရာ ထောက်ခံချက်မရှိသော စားသုံးဆီများရောင်းချမှု မရှိစေရေး ကရင်ပြည်နယ် စားသုံးသူးရေးရာ ကော်မတီဝင်များ ဈေးကွက်ကွင်းဆင်းစစ်ဆေး

Powered by Drupal

    ကရင်ပြည်နယ် ၊  ဘားအံမြို့ပေါ်ရှိ ဈေးများ၊ လက်လီအရောင်းဆိုင်များ၊ ကုန်တိုက်များတွင် သက်ဆိုင်ရာဌာနမှ ထောက်ခံချက်မရှိသော စားသုံးဆီများ ‌ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချမှု ရှိ/ မရှိအခြေအနေများကို ကရင်ပြည်နယ်စားသုံးသူရေးရာကော်မတီအဖွဲ့ဝင်များမှ ၂၁-၇-၂၀၂၃ ရက်နေ့၊ (၁၀:၃၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

   ကွင်းဆင်းစစ်ဆေးရေးအဖွဲ့တွင် ကရင်ပြည်နယ်စားသုံးသူရေးရာကော်မတီဝင်များဖြစ်သည့် အကောက်ခွန်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီး ဌာနတို့ပါဝင်ခဲ့ပြီး ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဈေးကွက်အတွင်း စားသုံးဆီတံဆိပ်မျိုးစုံပေါင်း ၂၀ မျိုး တွေ့ရှိခဲ့ရပြီး သက်ဆိုင်ရာထောက်ခံချက်မရှိသော တံဆိပ်တစ်မျိုးကို နောက်နောင်မရောင်းချရန် ဝန်ခံကတိလတ်မှတ်ရေးထိုး၍ ပြည်သူများအတွက် စားသုံးရန်/ဝယ်ယူသုံးစွဲရန် မသင့်သည် သွင်ပြင်လက္ခဏာမကောင်းသည့် စားသုံးဆီ ၁ လီတာ ၃ ဘူး၊ ၂ လီတာ ၃ ဘူး၊ ၅ လီတာ ၂ ဘူး၊ စုစုပေါင်းတန်ဖိုး ၉၂၀၀၀/ကျပ်ရှိ စားသုံးဆီများအား ကော်မတီအဖွဲ့ဝင်များက သိမ်းဆည်း ခဲ့ကြသည်။     

     စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများ ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရန်နှင့် စားသုံးသူအခွင့်အရေး အပြည့်အဝရရှိစေရန်အတွက် စားသုံးသူများ ဝယ်ယူအသုံးပြုသော ကုန်စည်/ ဝန်ဆောင်မှုများတွင်  ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိကို  ဈေးကွက်အတွင်း အလှကုန်များ၊ ဆေးဝါးများ၊ စားသောက်ကုန်များ၊ စားသုံးဆီများ၊ စက်ဆီချောဆီများအား ဝန်ကြီးဌာန၊ ရုံးချုပ်နှင့် ကရင်ပြည်နယ် စားသုံးသူရေးရာကော်မတီ၏ လမ်းညွှန်ချက်များနှင့်အညီ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)