ဝါရှောင်ကျေးရွာတွင် စားသုံးသူအသိပညာပေး ဟောပြောဆွေးနွေး

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးဘောမ်ဇုန်း(ရုံးအုပ်)သည် ၂၁.၇.၂၀၂၃ ရက်‌နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ ဝါရှောင်ကျေးရွာ အ.မ.က(ဂေါ်ဆက်ယာန်)၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပါသည်။

   အဆိုပါဟောပြောပွဲတွင် ဦးဘောမ်ဇုန်း(ရုံးအုပ်)က စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ စားသုံးသူကာကွယ်ရေး၏အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်ပစ္စည်းဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားကို သေချာဖတ်ရှု၍ သတင်းအချက်အလက်ပြည့်စုံသော မိမိလိုအပ်ချက်နှင့်ကိုက်ညီ၍ စိတ်ကျေနပ်မှုရရှိသည့် ကုန်စည်ကိုသာ ဝယ်ယူကြရန် အကျယ်တဝင့်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။အဆိုပါဟောပြောပွဲသို့ ဆရာ/ဆရာမ(၉)ဦးနှင့် ကျောင်းသူ/ကျောင်းသား(၉၀)ဦး တက်ရောက်ခဲ့ပါသည်။

DOCA(ကချင်)