
၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်အထောက်အကူပြု Thursday Talk ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ရုံးနှင့် မော်လမြိုင်ခရိုင်ရုံးမှ ဝန်ထမ်းစုစုပေါင်း (၃၁) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု Thursday Talk အသိပညာပေး ဟောပြောဆွေးနွေးပွဲကို ပြည်နယ်ဦးစီးမှူးက အဖွင့်အမှာစကားပြောကြားပြီးနောက် သတင်းအချက် အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲမှ ဦးစီးအရာရှိ ဦးမင်းခိုင်စိုးက Google၊ Microsoft အသုံးပြုမှုနှင့်ပတ်သက်သည့် အကြောင်းအရာများကိုလည်းကောင်း၊ မုဒုံမြို့နယ်တာဝန်ခံ ဦးစည်သူက စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာများကိုလည်းကောင်း၊ ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုနှင့် သုတေသနဌာနခွဲမှ အငယ်တန်းစာရေး ဒေါ်တွယ်တာလမင်းက နေ့စဉ်ကုန်ဈေးနှုန်း စာရင်းပြုစုမှုအကြောင်းကို လည်းကောင်း Power Point များဖြင့် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မွန်)