သရက်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲကျင်းပ

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် သရက်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးအုန်းမြင့် ဦးဆောင်သောအဖွဲ့သည်(၂၀.၇.၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၃း၀၀)နာရီအချိန်တွင် သရက်မြို့၊ အနောက်ရပ်တောင်ပိုင်းရပ်ကွက်ရှိ အမှတ်(၃)၊ အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးပွဲကို ကျင်းပခဲ့ရာ ကျောင်းသား/ ကျောင်းသူ(၁၈၅)ဦး၊ ဆရာ/ ဆရာမ(၁၅)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

   ကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ဒု-ခရိုင်မှူး ဦးအုန်းမြင့်က ဌာန၏သမိုင်းကြောင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ၊ ဦးစီးဌာန၏ ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာနမှ လက်ရှိဆောင်ရွက်နေသော လုပ်ငန်းတာဝန်များနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအကြောင်း၊ ဒု-ဦးစီးမှူး ဒေါ်ရီရီထွေးက စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း(၉)၊ ပုဒ်မ(၁၉)ပါ စားသုံးသူအခွင့် အရေးများနှင့် ပုဒ်မ(၂၀) စားသုံးသူ၏တာဝန်များအကြောင်း၊ ဒု-ဦးစီးမှူး ဒေါ်နွဲ့ယဉ်ဝင်းမှ အခန်း(၁၈)၊ ပုဒ်မ(၄၁)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ ကုန်စည်အမျိုးအစားအလိုက် သိသာထင်ရှားစွာ ဖော်ပြရမည့်သက်မှတ်ချက်များအကြောင်း၊ ဒု-ကြီးကြပ်ရေးမှူး ဦးကျော်ရွှေက အစားအသောက်များနှင့် ကုန်ပစ္စည်းများဝယ်ယူသုံးစွဲရာတွင် စားသုံးသူ၏အခွင့်အရေးဖြစ်သည့် မိမိစိတ်ကြိုက်ရွေးချယ်နိုင်ခွင့် ရှိသည့်အတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိသော ကုန်အညွှန်းအမှတ်အသားများအား ပြည့်စုံစွာပါရှိ၍ မြန်မာဘာသာဖြင့် ဖော်ပြထားခြင်းမရှိသော ကုန်စည်များအား ဝယ်ယူသုံးစွဲခြင်းမပြုရန် အသိပညာပေးဆွေးနွေး ပြောကြားခဲ့ပါသည်။

   ဆက်လက်၍ ဒု-ခရိုင်မှူးဦးအုန်းမြင့်က ယခုကဲ့သို့ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ကျောင်းသား/ ကျောင်းသူ၊ ဆရာ/ ဆရာမများအား အသိပညာပေးဆွေးနွေးဟောပြောပွဲ ပြုလုပ်ခွင့်ရရှိခဲ့၍ ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် ကျောင်းစာကြည့်တိုက်တွင် ထားရှိရန်အတွက် စားသုံးသူကာကွယ်ရေး ဥပဒေစာအုပ်များ ပေးအပ်ခဲ့ပြီး ကျောင်းမုန့်ဈေးတန်းသို့သွားရောက်ကြည့်ရှုကာ ကုန်အညွှန်းအမှတ် အသားများတွင် မြန်မာဘာသာဖြင့်ဖော်ပြပါရှိသည့် မုန့်များအား ရောင်းချစေရန်အတွက် ဈေးဆိုင်များနှင့်လိုက်ပါ ဆောင်ရွက်ခဲ့သည့် ဆရာ/ ဆရာမများကို အသိပညာပေးပြောကြားခဲ့ပါသည်။

DOCA(မကွေး)