ဒေးဒရဲမြို့နယ် ရွှေဘိုစုကျေးရွာတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးမှ မြို့နယ်တာဝန်ခံဦးသိန်းမောင်  နှင့် ဒုတိယ-ခရိုင်ဦးစီးမှူးဦးစိုးမင်းထိုက်တို့သည် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ(၁၈)ရက်နေ့၊ နံနက်(၁၀:၃၀)  အချိန်တွင် ဒေးဒရဲမြို့နယ် ရွှေဘိုစုကျေးရွာ အ.ထ.က ကျောင်းရှိ ဆရာ /ဆရာမ (၁၂)ဦးနှင့် ကျောင်းသား/                ကျောင်းသူ (၁၅၀)ဦး၊ စုစုပေါင်း(၁၆၂)ဦးတို့အား စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် ဒုတိယ-ခရိုင်ဦးစီးမှူး ဦးစိုးမင်းထိုက်က စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့်  အခွင်အ‌ရေးများ၊  လုပ်ငန်းရှင်များမှ မိမိတို့ဖြန့်ဖြူးသော  ကုန်စည် များ၏ တာဝန်ယူမှု၊ အာမခံချက်များအကြောင်း၊ ဈေးကွက်တွင် ဖြန့်ဖြူးရောင်းချလျှက်ရှိသော  ကုန်စည်၊ ဝန်ဆောင်မှုများကို မည့်သို့ရွေးချယ်ဝယ်ယူရမည်ဖြစ်ကြောင်းတို့ကို ဟောပြောခဲ့ပြီး ဆက်လက်၍ မြို့နယ်တာဝန်ခံဦးသိန်းမောင်က စားသုံးသူကာကွယ်ရေး   ဥပဒေပါ အခန်း ( ၁၈ ) ပုဒ်မ( ၄၁ )၊( ၄၃)ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာများကို    ပြောကြားခြင်းနှင့် ကုန်အညွှန်း အမှတ်အသားဖော်ပြရာတွင် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်များ၊ စားသုံးသူများ နစ်နာမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်ရန်အတွက် CICC စင်တာများဖွင့်ထားကြောင်းနှင့် Call Center 1535မှလည်း ဆက်သွယ်စုံစမ်းတိုင်ကြားနိုင်ကြောင်း အသိပညာပေး ဟောပြောခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)