
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန နှင့် ခရိုင်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၂၀)ရက်နေ့တွင် ထွန်းတောက်ကြယ် ကိုယ်ပိုင်အထက်တန်းကျောင်းရှိ ကျောင်းသား/သူများအား ဘေးအန္တရာယ်ကင်းရှင်းသော စားသောက်ကုန်များ ဝယ်ယူစားသုံးစေရေးရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများဟောပြောခဲ့ပါသည်။
အဆိုပါ ဟောပြောပွဲတွင်စားသုံးသူများအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သောအကြောင်း အရာများ၊ စားသုံးသူများအတွက် အခွင့်အရေးနှင့်နစ်နာမှုများ ကြုံတွေ့ရပါကတိုင်ကြားခွင့်၊ ကုန်အညွန်းအမှတ်အသားဆိုင်ရာ ဖော်ပြခြင်းဆိုင်ရာအချက်အလက်များ၊ အန္တရာယ်ရှိသော ဆိုးဆေးများ၊ တားမြစ်ထားသောစားသောက် ကုန်များ၊ အစားအသောက်များချက်ပြုတ် မစားသောက်မီ သတိပြုဆင်ခြင်ရမည့် အချက်များအပြင် အစားအသောက်ခွင့်ပြုထောက်ခံချက်များအကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။
ဟောပြောပွဲသို့ ဆရာ/မ၊ ကျောင်းသား/သူ စုစုပေါင်း (၁၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)