ကျိုက်လတ်မြို့နယ် ကုန်မျိုးစုံဆိုင်လုပ်ငန်းရှင်များအားစားသုံးသူ ကာကွယ်ရေးအသိပညာပေးဟောပြော

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည်  ၂၀၂၃ခုနှစ်    ၊   ဇူလိုင်လ( ၁၈ )ရက်နေ့  ၊ နံနက်(  ၀၉:၃၀  )နာရီ  အချိန်တွင် ကျိုက်လတ်မြို့နယ်ဦးစီးမှူးရုံး၌  ကုန်မျိုးစုံအရောင်းဆိုင် လုပ်ငန်းရှင်( ၆ )ဦးအား   စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

      အဆိုပါဟောပြောပွဲတွင်မြို့နယ်တာဝန်ခံမှစားသုံးသူကာကွယ်ရေးဥပဒေပါ လုပ်ငန်းရှင်များ ၏တာဝန်များကိုလည်းကောင်း၊ သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာရောင်းချကြရန်၊ သက်ဆိုင်ရာဌာနများမှစားသုံးရန်မသင့်၍ ရောင်းချမှုမပြုကြရန် တားမြစ်ထားသော ကုန်စည်များရောင်းချခြင်းမပြုရန်၊ စားသုံးသူကာကွယ်ရေးဥပ‌ဒေပါပြဌာန်းချက်များကို လိုက်နာမှုမရှိပါက အ‌ရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးဟောပြောခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)