စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ဆားမလောက်လမ်းမပေါ်ရှိ ဖြူစင်သန့်ဆန်စက်သို့ ညောင်တုန်းမြို့နယ်ဦးစီးမှုး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် (၂၄.၇.၂၀၂၃) ရက်နေ့၊နံနက် (၁၀:၀၀) နာရီအချိန်တွင် ဆန်စက်သို့ ကွင်းဆင်း၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်က ဖြူစင်သန့်ဆန်စက်သို့ သွားရောက်၍ ဆန်စက်ပိုင်ရှင်နှင့် တွေ့ဆုံကာ ဆန်စက်လည်ပတ်နေမှုအခြေအနေများ၊ ဆန်စပါးကြိတ်ခွဲမှုအခြေအနေ၊ Gasifier သုံးလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများစသည်ဖြင့် လုပ်ငန်းဆောင်ရွက်မှုအဆင့်ဆင့်ကို စစ်ဆေးကြည့်ရှုခဲ့ပြီးနောက် ဆန်စက်မှ ကြိတ်ခွဲ ထွက်ရှိလာသော ဆန်များကို ထုပ်ပိုးရာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်စေရေး၊ လုပ်ငန်းရှင်တို့၏ ကုန်စည်အပေါ် အာမခံချက်ပေးနိုင်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခြင်း၊ လုပ်ငန်းရှင်တို့ လိုက်နာရမည့် တာဝန်များအကြောင်းကို ရှင်းလင်းခြင်း ပို့ကုန်ကဏ္ဍတွင် ဆန်စပါးသည် အရေးပါသည့်အတွက် ပြည်ပနိုင်ငံများသို့ ဆန်/ဆန်ကွဲတင်ပို့ရာတွင် လိုက်နာရမည့် SPSဆိုင်ရာ လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခြင်း၊ Food Safety အရည်အသွေးမီသော ဆန်များရရှိစေဖို့အတွက် စက်ရုံ၊ အလုပ်ရုံ၊ သိုလှောင်ရုံများကို စနစ်တကျ သိုလှောင်ထားရှိရန်နှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် အသိပညာပေးဆွေးနွေးခဲ့ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)