စားသုံးသူရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးဝန်းအတွင်း ဝန်ထမ်းများစုပေါင်း၍ တစ်ပိုင်တစ်နိုင် သီးပင်စားပင်များစိုက်ပျိုး

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊  ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ စုပေါင်း၍ ၁၅-၇-၂၀၂၃ ရက်နေ့၊ (၁၆:၀၀) နာရီအချိန်တွင် ကရင်ပြည်နယ် ဦးစီးမှူးရုံးဝန်းအတွင်းရှိ မြေလွတ်နေရာများ၌ သီးပင်စားပင်များ စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

      ထိုသို့စိုက်ပျိုးရာတွင် နှစ်ရှည်စားပင်များဖြစ်သည့် ဒန့်သလွန်၊ ဆူးပုပ်၊ ကင်ပွန်း၊ ပေါက်ပန်းနီ၊ ကြောင်လျှာပင်များနှင့် ရာသီသီးနှံနှင့် နေ့စဉ်စားသုံးတတ်သော အပင်များဖြစ်သည့် ချဉ်ပေါင်၊ ကန်စွန်း၊ ငရုပ်၊ မုန်လာ၊ ခရမ်းသီး၊ ပင်စိမ်း၊ ရှမ်း နံနံ၊ ကြက်ဟင်းခါး သီးပင်များကို စိုက်ဘောင်များ ပြုလုပ်၍ ဝန်ထမ်းများ၏ လုပ်အားဖြင့် စုပေါင်းပျော်ရွင်စွာ စိုက်ပျိုးခဲ့ကြသည်။

     အိမ်ခြံဝန်းနှင့် ရုံးဝန်းအတွင်း မြေလွတ်နေရာများတွင် ဝန်ထမ်းများ စုပေါင်း၍ စားပင်သီးများစိုက်ပျိုးခြင်းအားဖြင့် ဝန်ထမ်းများကျန်းမာရေးနှင့် စိတ်အပန်းပြေစေရေးအတွက် အထောက်အကူပြုမည်ဖြစ်ကာ အချင်းချင်းချစ် ကြည်ရင်းနှီးမှု တိုးပွားစေမည်ဖြစ်ပြီး ကုန်ဈေးနှုန်းကြီးမြင့်နေမှုအပေါ် နေ့စဉ်စားသောက်စရိတ်အတွက် ဈေးဖိုးကာမိစေမည်ဖြစ်ပြီး ကိုယ်တိုင်စိုက်ပျိုးသည့် သန့်ရှင်းလတ်ဆတ်သော သီးနှံများကိုလည်း အန္တရာယ်ကင်းရှင်းစွာ စားသောက်နိုင်မည် ဖြစ်ပေသည်။

DOCA(ကရင်)