စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ(၂၅) ရက်နေ့၊ နံနက် ( ၁၀:၃၀ ) နာရီအချိန်တွင် ဝန်ထမ်း( ၅ )ဦးသည် လွိုင်ကော်မြို့၊ မင်းစုရပ်ကွက်ရှိ အမှတ်( ၁ ) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား / ကျောင်းသူ၊ ဆရာ/ဆရာမစုစုပေါင်း (၃၀၀)ဦးကို စားသုံးသူကာကွယ်ရေးအကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဦးမိုးညွန့်ဦး (ဦးစီးအရာရှိ)က စားသုံးသူများတွင် အခွင့်အရေးများရှိကြောင်း၊ ကျောင်းသူ/ကျောင်းသားများအနေဖြင့် မိမိတို့ရရှိပိုင်ခွင့်ရှိသည့် အခွင့်အရေးများကို သိရှိထားရန် လိုအပ်ကြောင်း၊ အဆိုပါအခွင့်အရေးများကို စားသုံးသူရေးရာဦးစီးဌာနမှ ဥပဒေအရ အကာအကွယ်ပေးထားကြောင်း ရှင်းလင်းပြောကြားခဲ့ပြီးနောက် ဒေါ်နော်ကြူကြူ (ဒု-ဦးစီးမှူး)က ကျောင်းသား / ကျောင်းသူများအား ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးများနှင့် စားသုံးသူများ လိုက်နာရမည့်တာဝန်များကိုလည်းကောင်း၊ ကုန် အညွန်းအမှတ်အသားနှင့် စပ်လျဉ်း၍ ကုန်ပစ္စည်းများ ဝယ်ယူသုံးစွဲခြင်းမပြုမီ သတိပြုရမည့် အချက်များကိုလည်းကောင်း၊ စားသုံးသူအခွင့်အရေးများ နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူ သတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာသို့ လူကိုယ်တိုင်ဖြစ်စေ ၊ Website မှဖြစ်စေ၊ Doca Myanmar application မှဖြစ်စေ ဆက်သွယ်တိုင်ကြားနိုင်သည်ကိုလည်းကောင်း ၊ Consumer call center ၁၅၃၅ နံပါတ်များသို့ခေါ်ဆို၍ စားသုံးသူရေးရာနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းနိုင်သည်ကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့၍ အသိပညာပေး လက်ကမ်းစာစောင်များ ၊ ဗွီနိုင်းများကို သက်ဆိုင်ရာကျောင်းအုပ်ဆရာမကြီးထံသို့ ပေးအပ်ဆောင်ရွက်ခဲ့ကာ ကျောင်းကျန်းမာရေးအဖွဲ့နှင့်အတူ ကျောင်းမုန့်ဈေးတန်းပါတစ်ပါတည်း စစ် ဆေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
DOCA(ကယား)