ပဲခူးကုန်စည်ဒိုင် ဖွဲ့စည်းဖွံ့ဖြိုးတိုးတက်‌ရေး ဆောင်ရွက်

Powered by Drupal

  ပဲခူးခရိုင်တွင် ကုန်စည်ဒိုင်တစ်ခု ဖွံ့ဖြိုးတိုးတက်အောင်မြင်နိုင်ရန်အတွက် တိုင်းဒေသကြီး အစိုးရ အဖွဲ့၏ စီစဉ်လမ်းညွှန်မှုအရ ၊ ပဲခူးခရိုင်အတွင်းရှိ ဆန်စက်လုပ်ငန်းရှင် ၊ ပဲနှမ်းရောင်းဝယ်ရေး လုပ်ငန်းရှင်၊ လက်လီအရောင်းဆိုင်လုပ်ငန်းရှင်၊ ဆီလုပ်ငန်းရှင်များပါဝင်ပြီး (၃.၇.၂၀၂၃ ) ရက်နေ့ တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် အကြိုညှိနှိုင်း ဆွေးနွေး ဆောင်ရွက်ခဲ့ပြီး၊ (၁၀.၇.၂၀၂၃) ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးဝန်ကြီး ဦးတင်ဦးမှ ဦးဆောင်၍ စည်ပင်သာယာရေးအဖွဲ့၊ စိုက်ပျိုးရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာန နှင့်စားသုံးသူရေးရာ ဦးစီးဌာနတို့မှ တိုင်း‌ဒေသကြီးဦးစီးမှူးများနှင့်အတူ ပဲခူးခရိုင်အတွင်းရှိ ကုန်သည်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍  လုပ်ငန်းရှင်(၂၅)ဦး ပါဝင်သော ပဲခူးကုန်စည်ဒိုင်အား အသင်းအဖွဲ့စည်းမျဉ်း၊ စည်းကမ်းနှင့်အညီ အတည်ပြုဖွဲ့စည်းနိုင်ရေး တွေ့ဆုံဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

   အဆိုပါ ဆွေးနွေးပွဲတွင် စီးပွားရေးဝန်ကြီးက ယခင်ကဖွဲ့စည်းပြီးဖြစ်သော်လည်း  အကြောင်း အမျိုးမျိုးကြောင့် သက်ဝင်လှုပ်ရှားမှု မရှိခဲ့၍ ယခုအခါ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ ကုန်ပစ္စည်းများကို တစ်နေရာတည်းတွင် ကုန်စည်ဒိုင်အင်္ဂါရပ်များဖြစ်သော အရည်အသွေးမှန်၊ ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊အလေးချိန်မှန် မှန်လေးမှန်ဖြင့် ရောင်းဝယ်ဆောင်ရွက်နိုင်ရေးနှင့် ကုန်စည်ဒိုင် ရေရှည် တည်တံ့ အကောင်အထည်ဖော်ဆောင်ရွက်နိုင်‌ရေး ကြိုးပမ်းအားထုတ်ကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)