ပြည်မြို့ပေါ်ရှိ ဆေးဆိုင်များသို့ကွင်းဆင်းစစ်ဆေး

Powered by Drupal

      ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်ခရိုင်အတွင်း (COVID_19) ကူးစက် ရောဂါ ကာကွယ်ကုသရေးဆိုင်ရာ ဆေးဝါးများနှင့် အိမ်သုံးဆေးဝါးများပစ္စည်းပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်း အဆမတန် မြင့်တက်မှုမရှိစေရေးနှင့် ဆေးဆိုင်များပုံမှန်ဖွင့်လှစ် ရောင်းချနိုင်စေရေးအတွက် ပြည်ခရိုင် ဆေးဝါးနှင့်ဆေးပစ္စည်းဈေးကွက် စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးအဖွဲ့ဖြင့် ဩဂုတ်လ ( ၂၈ ) ရက်နေ့တွင် ပြည်မြို့ပေါ်ရှိ လက်လီ/လက်ကားရောင်းချနေသော ဆေးဆိုင်များသို့ကွင်းဆင်း စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြပါသည်။ ယင်းသို့ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် ပြည်မြို့ရှိ လက်လီ / လက်ကား ရောင်းချနေသော ဆေးဆိုင်များအနေဖြင့် ဆေးကုမ္ပဏီကြီးများမှ လိုအပ်သော ဆေးဝါးများ ပြန်လည်မှာယူရရှိလာပြီး၊ ဈေးနှုန်းများမှာလည်း အဆမတန် ကြီးမြင့်မှု မရှိတော့ခြင်း၊ ( COVID_19 ) ရောဂါနှင့်ပတ်သက်သော ဆေးဝါးများဝယ်ယူမှုနည်းပါးသွားခြင်း၊ ဆေးဆိုင်ဝန်ထမ်းများအနေဖြင့် ( COVID_19 ) ကူးစက်ရောဂါကာကွယ်ဆေးများထိုးနှံပြီးစီးပြီဖြစ်၍ ဆေးဆိုင်များမှာလည်း ပုံမှန်အချိန်အတိုင်း ဖွင့်လှစ်ရောင်းချလျက်ရှိပါကြောင်း သတင်းရရှိပါသည်။

ပဲခူးတိုင်းဒေသကြီး(DOCA)