ကန့်ဘလူမြို့နယ်၏ (၇/၂၀၂၃)လအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် ကွင်းဆင်းတွေ့ဆုံ ဆောင်ရွက်မှုအခြေအနေ

Powered by Drupal

 စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်ဦးစီးမှူးရုံးအနေဖြင့် ဌာန၏ မျှော်မှန်းချက်ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးရေးနှင့် စားသုံးသူ ကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့်အတိုင်း ပြည်တွင်း ကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများအား လစဉ် ကွင်းဆင်းတွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ကန့်ဘလူခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်နှင့်အညီ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လအတွင်း စီးပွားရေးလုပ် ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း (၂) ကြိမ်ဆောင်ရွက်ခဲ့ပါသည်။

          ကွင်းဆင်းဆောင်ရွက်မှုအနေဖြင့် (၇.၇.၂၀၂၃)ရက်နေ့တွင် ကန့်ဘလူမြို့နယ် ၊ ကျွန်းလှမြို့၊    ပိတောက်မြိုင်ရပ်ကွက်ရှိ “ဆယ်သိန်း”ဆီစက်လုပ်ငန်းရှင်နှင့် (၂၁.၇.၂၀၂၃)ရက်နေ့တွင် ကန့်ဘလူ မြို့ ၊ အမှတ်(၂)ရပ်ကွက်ရှိ “ရွှေစည်တော်” မွေးနေ့ကိတ်နှင့်မုန့်မျိုးစုံလုပ်ငန်းရှင်တို့ကို ကွင်းဆင်းတွေ့ဆုံဆွေးနွေးခဲ့ရာ လုပ်ငန်းရှင်(၃)ဦးတို့အား စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို  သိရှိနားလည်ထားရန် အရေးကြီးကြောင်း၊ မိမိတို့ထုတ်လုပ်သည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများကို မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ထည့်သွင်းဖော်ပြရမည်ဖြစ်ကြောင်း၊ စားသုံးသူရေးရာနှင့်စပ်လျဉ်း၍ လေ့လာသိရှိလိုပါက  ဌာန၏ Facebook Page နှင့် Consumer Call Center No. 1535 သို့ ရုံးဖွင့်ရက်တိုင်း ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း ရှင်းလင်းဆွေး နွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)