(၇/၂၀၂၃)လအတွင်း ကန့်ဘလူမြို့နယ်၏ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

Powered by Drupal

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ် ဦးစီးမှူးရုံးအနေဖြင့် “ထုတ်ကုန်လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက” ဆိုသည့်အတိုင်း ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော ကုန်စည်များကို ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကုန်အညွှန်းအမှတ်အသားများကို ညွှန်ကြားချက်နှင့်အညီ ဖော်ပြထားခြင်း ရှိ/မရှိ သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို လစဉ်ဆောင်ရွက်လျက်ရှိပါသည်။

      ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို (၇/၂၀၂၃)လအတွင်း စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ (၆.၇.၂၀၂၃)ရက်နေ့တွင် ကန့်ဘလူမြို့နယ် ၊ ကျွန်းလှမြို့ ၊ သစ်ရာမြိုင်ရပ်ကွက်ရှိ ကုန်စုံဆိုင်(၁)ဆိုင်၊ ကန့်ဘလူမြို့“မြို့မဈေး”ရှိ ကုန်စုံဆိုင်(၂)ဆိုင်နှင့် ကန့်ဘလူမြို့ ၊ အမှတ်(၄) ရပ်ကွက်ရှိ ကုန်စုံဆိုင်(၁)ဆိုင်သို့လည်းကောင်း၊ (၁၂.၇.၂၀၂၃)ရက်နေ့တွင် ကန့်ဘလူမြို့၊ အမှတ် (၃)ရပ်ကွက်ရှိ ကုန်စုံဆိုင်(၂)ဆိုင်သို့လည်းကောင်း၊ (၁၃.၇.၂၀၂၃)ရက်နေ့တွင် ကျွန်းလှမြို့ “သစ်ရာမြိုင်”ဈေးရှိ ကုန်စုံဆိုင်(၁)ဆိုင်သို့လည်းကောင်း၊ (၁၄.၇.၂၀၂၃)ရက်နေ့တွင် ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ကုန်စုံဆိုင်(၁)ဆိုင်သို့လည်းကောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း စုစုပေါင်း (၅)ကြိမ် ဆောင်ရွက်ခဲ့ပြီး  အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)