![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/ဒေသထွက်ကုန်.jpg?itok=PxZLaZQC)
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ လမ်းညွှန်မှုနှင့်အညီ ဒေသတွင်းထုတ်ကုန်ပစ္စည်းများ သုတေသနနှင့် ဈေးကွက်သုတေသနကော်မတီဖွဲ့စည်းနိုင်ရန် အတွက် ဆက်စပ်နေသောဌာနများ ၊ အသင်းအဖွဲ့များ ၊ ပညာရပ်ကျွမ်းကျင်သူများဖြင့် ကော်မတီတစ်ရပ်ဖွဲ့စည်းရန် တိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ တင်ပြလာမှုနှင့်ပတ်သက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ခရိုင်ကုန်သည်စက်မှုအသင်းကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါသည်။
အဆိုပါအဖွဲ့၏ ကော်မတီအစည်းအဝေးအား ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၂၆) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ ၊ ပုသိမ်မြို့ ၊ River View Restaurant တွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဝင်းမြင့်လှိုင် ၊ အတွင်းရေးမှူး ၊ ဦးမောင်မောင်ဦးနှင့် အဖွဲ့ဝင်များ ၊ တိုင်းအဆင့်ဌာနဆိုင်ရာများဖြစ်သော စားသုံးသူရေးရာဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ၊ ပုသိမ်တက္ကသိုလ် ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခများ ၊ နည်းပညာတက္ကသိုလ်နှင့် အစိုးရနည်းပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးတို့ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် တက္ကသိုလ်မှ ဆရာ/ဆရာမများမှ သုတေသနဆိုင်ရာ ကိစ္စရပ်များ ၊ ဌာနဆိုင်ရာများမှ ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များနှင့် ကုန်သည်စက်မှုအသင်းမှ ဆောင်ရွက်ရမည့် ကိစ္စရပ်များကို အပိုင်းလိုက် ဆွေးနွေးတင်ပြမှုများအပေါ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ထံသို့ ပြန်လည်တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။
DOCA(ဧရာဝတီ)