
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးသည် ဦးစီးဌာနက ဆောင်ရွက်လျှက် ရှိသည့် စားသုံးသူကာကွယ်ရေးဆိုင်ရာများနှင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးဆိုင်ရာများကို အများ ပြည်သူများသိရှိစေရန် စားသုံးသူပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များရှိရာသို့ ကွင်းဆင်း၍ အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိသကဲ့သို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် ပူးပေါင်း၍ Talk Show အစီအစဉ်ဖြင့်လည်း အသိပညာပေးခြင်းကို ဆောင်ရွက်လျက်ရှိပါသည်။
၂၀၂၃ခုနှစ်၊ဇူလိုင်လ ၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် တာဝန်ခံ ဒုတိယဦးစီးမှူး ဦးဇော်ဇော်ထွေးသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရေတာရှည်မြို့နယ်ဦးစီးမှူးရုံး၌ မြို့နယ်ဦးစီးမှူး ဒေါ်အေးဆုစံနှင့်အတူ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအကြောင်း သိကောင်းစရာ ဆွေးနွေးပွဲကို Talk Show အစီအစဉ်ဖြင့် ပြုလုပ်ခဲ့ပါသည်။
မြို့နယ်တာဝန်ခံက ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေးတွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (Micro, Small and Medium Enterprise – MSME) များသည် အဓိက အရေးပါကြောင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၏ အခြေခံအချက်အလက်နှင့် အခန်းကဏ္ဍများ၊ မြန်မာ့ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်က အားပေးဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေးခဲ့ကြောင်း သိရပါသည်။
DOCA(ပဲခူး)