ပေါက်ခေါင်းမြို့နယ်တွင် မိုးမြေပဲများစိုက်ပျိုးပြီးစီး

Powered by Drupal

    ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် မိုးမြေပဲများကို ဇွန်လဆန်းပိုင်းတွင်စတင်၍ စိုက်ပျိုးပြီး ဖြစ်ပါသည်။ ပေါက်ခေါင်းမြို့နယ်တွင် မိုးမြေပဲစိုက်ဧကမှာ (၁၂၁၂၈) ဧကရှိသည်ဟုသိရပါသည်။ ထိုသို့ မိုးမြေပဲများကို ပေါက်ခေါင်းမြို့နယ်၊ သဖန်းချိုအုပ်စု၊ သဖန်းချိုကျေးရွာတွင် စိုက်ပျိုးထားရှိကြောင်းသိရသဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ပေါက်ခေါင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၅-၇-၂၀၂၃) ရက်နေ့၊ နံနက်ပိုင်းအချိန်တွင်သွားရောက်၍ ကုန်ကျစရိတ်များသိရှိနိုင်ရန်အတွက် ကွင်းဆင်းလေ့လာဆောင်ရွက်ခဲ့ပါသည်။

     မိုးမြေပဲစိုက်ပျိုးသူတောင်သူ ဦးစိုးနိုင်နှင့်တွေ့ဆုံ၍  ကုန်ကျစရိတ်များကိုမေးမြန်းခဲ့ရာ မိုးမြေပဲ (၀.၂၅) ဧကစိုက်ပျိုးထားပြီး စိုက်ပျိုးသည့်မျိုးမှာ မကွေး (၁၅) မျိုးဖြစ်ကြောင်းသိရပါသည်။ မိုးမြေပဲ (၀.၂၅) ဧကတွင် စိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်မှာ (၁၅၀၀၀၀) ကျပ်ခန့်ကုန်ကျ၍ လာမည့်တော်သလင်းလတွင် မြေပဲများစတင်နှုတ်သိမ်းနိုင်မည်ဖြစ်ပါသည်။ မြေပဲများနုတ်သိမ်းချိန်တွင် ရာသီဥတုဖျက်ဆီးမှုမရှိဘဲ အထွက်နှုန်းကောင်းပါက တောင်သူများအတွက် အကျိုးအမြတ်များစွာရရှိနိုင်မည်ဟု မျှော်လင့်လျက်ရှိပါကြောင်း ရေးသားလိုက်ပါသည်။

DOCA(ပဲခူး)