စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးအနေဖြင့် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ(ဒုတိယပတ်)တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို (၁၄-၇-၂၀၂၃) ရက်နေ့တွင် ဇေယျာသီရိမြို့နယ်၊ သစ်တောတက္ကသိုလ်(ရေဆင်း) ညနေ (၁၅:၀၀)အချိန်တွင် ပြုလုပ်ခဲ့သည်။ နေပြည်တော်ဦးစီးမှူး ဦးခမ်လျန်စွမ်းက စားသုံးသူအသိပညာပေးသိကောင်းစရာ များနှင့် အပင်ပိုးမွှား(Bio Hazard)၊ ဓါတုဓါတ်ကြွင်းများ(Chemical Hazard)ကို ကုန်သွယ်ရေးနှင့် စားသုံးသူရှုထောင့်ဘက်မှ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်ပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဟန်စုယဉ်ညွန့်က စားသုံးသူကာကွယ်ရေး၊ စားသုံးသူများနှင့် လုပ်ငန်းရှင်များ သိရှိလိုက်ရမည့် စည်းမျဉ်းစည်းကမ်းများနှင့် စားသုံးသူအခွင့်အရေး(၈)ချက်တို့ကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပြီး သိရှိလိုသည်များအား အပြန်အလည် ဆွေးနွေးပြောကြားခဲ့ပါသည်။
တက်ရောက်လာကြသော သစ်တောတက္ကသိုလ်မှ ဆရာ/ဆရာမ၊ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း(၃၀၀)ဦးခန့်တက်ရာက်ခဲ့ပြီး ဟောပြောပွဲကို ညနေ(၁၆:၃၀)နာရီအချိန်တွင် ရုပ်သိမ်း ကြောင်း သတင်းရရှိပါသည်။
DOCA(ပြည်ထောင်စုနယ်မြေ)