
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဦးမင်းဇော်၊ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်နှင့် ဝန်ထမ်းများနှင့် အတူ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် အုတ်တွင်းမြို့ရှိ ကုန်စုံဆိုင်ကြီးများ၌ ရောင်းချနေသော အသင့်သောက်အချိုရည်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် ကုန်စုံဆိုင်ကြီးများတွင် ရောင်းချနေသော အသင့်သောက်အချိုရည်များ၌ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ နှင့်အညီ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိကိုလည်းကောင်း၊ တရားမဝင် Sprite အချိုရည်များ ရောင်းချခြင်း ရှိ/မရှိကိုလည်းကောင်း စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အုတ်တွင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်းနှင့် ခရိုင်ဦးစီးမှူးက တရားမဝင်အချိုရည်များ ရောင်းချခြင်းမပြုရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရပါသည်။
DOCA(ပဲခူး)