
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တာဝန်ခံ စစ်ဆေးရေးအရာရှိ ဦးမြင့်သူဦးဆောင်သော ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် တောင်ငူမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခိုင်ထွန်း၊ တောင်ငူခရိုင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ အကြီးတန်းစာရေး ဦးကျော်လင်းထွန်းတို့နှင့်အတူ တောင်ငူမြို့ပေါ်ရှိ အသင့်သောက် အချိုရည်ရောင်းချသည့် ကုန်စုံဆိုင်ကြီးများသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အသင့်သောက်အချိုရည်များ၌ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြထားခြင်း ရှိ/မရှိကိုလည်းကောင်း၊ Coca-Cola Pinya Beverages Myanmar ကုမ္ပဏီမှ ထုတ်လုပ်ဖြန့်ဖြူးသော Sprite အမှတ်တံဆိပ် အချိုရည်နှင့်ပုံစံတူ တရားမဝင် Sprite အချိုရည်များ ရောင်းချခြင်းရှိ/မရှိကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
မြို့နယ်တာဝန်ခံသည် ဈေးကွက်စောင့်ကြည့်စစ်ဆေးစဉ် ဆိုင်ပိုင်ရှင်များနှင့် အရောင်းကိုယ်စားလှယ်များအား မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများဖော်ပြထားခြင်းမရှိသော ကုန်စည်များနှင့် တရားမဝင်တင်သွင်းသော ကုန်စည်များကို ရောင်းချခြင်းမပြုရန် အသိပညာပေးခဲ့ကြောင်း သိရပါသည်။
DOCA(ပဲခူး)