
စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးရှိနေအိမ် အမှတ် (၂) တွင် ပြင်/ ထိန်းလုပ်ငန်းများဆောင်ရွက်ရန်အတွက် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးနှင့် ဌာနခွဲတာဝန်ခံများသည် (၄-၈-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပြည်နယ်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ ဌာနတွင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက အဆောက်အအုံပြင်/ ထိန်းလုပ်ငန်းများဆောင်ရွက်ရာတွင် စနစ်တကျဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ရေးအလို့ငှား ဦးဆောင်အဖွဲ့ဖွဲ့စည်းခြင်း၊ ဈေးနှုန်းနှင့် ပစ္စည်းအရည်အသွေး/ အရေအတွက်မှန်ကန်စေရေးအတွက် ဈေးနှုန်းစုံစမ်းရေးနှင့် ပစ္စည်းဝယ်ယူရေးအဖွဲ့ဖွဲစည်းခြင်း၊ အရည်အသွေး/ ကြံခိုင်မှုမှန်ကန်စေရေးအတွက် လုပ်ငန်းကြီးကြပ်စစ်ဆေးရေးအဖွဲ့ဖွဲ့စည်းခြင်းများအကြောင်းတို့ကိုဆွေးနွေးခဲ့ပြီး တက်ရောက်လာသောဌာနခွဲတာဝန်ရှိသူများက ပြင်/ ထိန်းလုပ်ငန်းများနှင့် ပတ်သက်၍ ဆောင်ရွက်ခွင့်ရရှိရန်တင်ပြခဲ့မှုအပေါ် ခွင့်ပြုငွေနှင့် အသေးစိတ်ဆောင်ရွက်ရမည့်အချက်များကို ပြည်လည်ဆွေးနွေးခဲ့ပြီး တင်ပြချက်များအပေါ် ပြည်နယ်ဦးစီးမှူးက လုပ်ငန်းဆောင်ရွက်ရန်အတွက် သတ်မှတ်ကာလအတွင်း စနစ်တကျဆောင်ရွက်နိုင်ရေးအလို့ငှား မှာကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။
ထို့နောက် ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် လုပ်ငန်းလည်ပတ်ဆောင်ရွက်နိုင်ရေးအတွက် ပြင်/ထိန်းလုပ်ငန်းဆောင်ရွက်မည့်နေရာသို့ မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါသည်။
DOCA(ကရင်)