သာယာဝတီမြို့နယ်တွင် ပြည်သူများကို သက်သာသောဈေးနှုန်းဖြင့် စားသောက်ကုန်များရောင်းချပေး

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ သာယာဝတီမြို့နယ်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် သာယာဝတီမြို့နယ်အတွင်း ကိုယ်တိုင်စိုက်ပျိုး ထုတ်လုပ်သူ၊ ရောင်းဝယ်သူများ၏ တိုက်ရိုက် အရောင်းဆိုင်များမှ ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန်များအား သက်သာသောနှုန်းထားဖြင့် နေ့စဉ် နံနက် (၇:၀၀)နာရီမှ စတင်၍ ရောင်းချပေးခဲ့ပါသည်။

      (၂၆.၇.၂၀၂၃) ရက်နေ့တွင် ရက်(၉၀)ဆန်တစ်ပြည်လျှင် (၂၂၇၀၀)ကျပ်ဈေးနှုန်းဖြင့် ဆန်(၃)အိတ်၊ နွေဆန်တစ်ပြည်(၂၃၀၀)ကျပ်ဈေးနှုန်းဖြင့် ဆန်တစ်အိတ်၊ ဆီတစ်ပိဿာလျှင်(၅၀၀၀)ကျပ်ဈေးနှုန်းဖြင့် ဆီ(၅၀)ပိဿာ၊ ကြက်ဥတစ်လုံးလျှင် (၂၃၀)ကျပ်ဈေးနှုန်းဖြင့် (၄၀၀)လုံး၊ ကြက်သား တစ်ပိဿာလျှင် (၈၀၀၀) ကျပ်ဈေးနှုန်းဖြင့် (၄၀)ပိဿာ၊ ဝက်သား တစ်ပိဿာလျှင် (၁၃၀၀၀) ကျပ်ဈေးနှုန်းဖြင့် (၃၀) ပိဿာနှင့် ဗုံလုံသီး၊ သခွားသီး၊ ရွှေဖရုံသီး၊ ချဉ်ပေါင်ရွက်၊ ကန်စွန်းရွက်၊ ပဲသီး ဟင်းသီးဟင်းရွက်သီးနှံများအား ရောင်းချပေးခြင်းကို ကိုယ်တိုင်စိုက်ပျိုး၊ မွေးမြူထုတ်လုပ်ရောင်းချသူများမှ ရောင်းချပေးခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)