
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကြည်နိုင်ဦး (ဦးစီးမှူး)နှင့် ဌာနမှ ဝန်ထမ်းများသည် ၂၀၂၃-ခုနှစ် ဩဂုတ်လ (၃)ရက်နေ့ နံနက် (၁၀:၀၀)နာရီတွင် ကသာမြို့၊ အမှတ်(၅) ရပ်ကွက်ရှိ စူပါ အချိုရည် ကုမ္ပဏီလိမိတက်၊ အမှတ်(၆)ရပ်ကွက်ရှိ ASIA အချိုရည် ကုမ္ပဏီ လိမိတက်နှင့် Coca Cola အချိုရည် ကုမ္ပဏီလိမိတက် စသည့် ဆိုင်ခွဲကိုယ်စားလှယ် အရောင်းဆိုင်များသို့ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
အသင့်သောက်သုံးနိုင်သော အချိုရည်အမျိုးမျိုးသည် လူကြီး/လူငယ်အများစု သောက်သုံးနေသော ကုန်စည်ဖြစ်ခြင်း၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှထုတ်ပြန်သည့် အစားအ သောက်များစာရင်းတွင် အများဆုံးပါဝင်လေ့ရှိခြင်း၊ ကန့်သတ်တားမြစ်ထုတ်ပြန်သည့် အစားအသောက် များစာရင်းတွင် အများဆုံးပါဝင်လေ့ရှိခြင်း၊ ကန့်သတ်တားမြစ်ထားသည့် ဓါတုဆိုးဆေးများနှင့် ဓါတု သကြားများ အသုံးပြုထားသော အချိုရည်များကို သောက်သုံးမိပါက ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုများ ဖြစ်ပေါ်စေနိုင်ခြင်းတို့ကြောင့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာ၌ ပိုမိုစနစ်တကျဖြစ်စေရန်နှင့် ထိရောက်မှုရှိစေ ရန်အတွက် စားသုံးသူအသုံးပြုမှုများပြီး ထိခိုက်နစ်နာနိုင်ခြေမြင့်မားခြင်းနှင့် ဘေးအန္တရာယ်ရှိခြင်းတို့အပေါ် သုံးသပ်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးရန် ဦးစားပေးကုန်စည်များအဖြစ် အသင့်သောက်အချို ရည်အမျိုးမျိုးအား ရွေးချယ်၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးရခြင်းဖြစ်ပါသည်။
ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် တွေ့ရှိရသည့် အသင့်သောက်အချိုရည်အမျိုးမျိုးမှာ SPEED၊ SHARK၊ HORN၊ Burn၊ စသည့် အားဖြည့်အချိုရည်များ၊ asia ကုမ္ပဏီမှ ထုတ်လုပ်သည့် အချိုရည်အမျိုးမျိုး၊ MAX+ တံဆိပ် အချိုရည်အမျိုးမျိုး၊ Sprite၊ Coca Cola ၊ D-pop အမှတ်တံဆိပ် အချိုရည်အမျိုးမျိုး စသည့်တံဆိပ်များကို အများဆုံးတွေ့ရှိရပြီး အဆိုပါ ကုန်စည်များမှာ ပြည်တွင်းထုတ် ကုန်စည်များဖြစ်ကာ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉)ပါ ပြဌာန်းချက်များနှင့်အညီ ကိုက်ညီမှုရှိသည်ကို တွေ့ရှိရပြီး ရောင်းချသူဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဌာန်းချက်များနှင့် ကိုက်ညီသည့် ကုန်စည်များကိုသာ ရောင်းချရန်နှင့် သက်တမ်းလွန်ကုန်စည်များအား ရောင်းချခြင်းမပြုရန် မှာကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
DOCA(စစ်ကိုင်း)