
စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဦးမျိုးဝင်းနိုင်သည် (၇-၈-၂၀၂၃) ရက်နေ့၊ နံနက် (၀၈:၃၀) နာရီအချိန်တွင် ဘားအံမြို့ရှိ အ.ထ.က (ခွဲ) ၃ ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချနေသော ကုန်စည်များကို ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင် ညွှန်ကြားချက် အမှတ်၊ ၂/၂၀၁၉ နှင့်အညီ ကိုက်ညီမှု ရှိ / မရှိ ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကရင်ပြည်နယ်စားသုံးသူရေးရာကော်မတီက သတ်မှတ်ထားသော ဦးစားပေးဆောင်ရွက်မည့် ကုန်စည် (၁၀) မျိုးထဲမှ အသင့်စားမုန့်အမျိုးမျိုးနှင့် အချိုရည်အမျိုးမျိုးတို့ကို ကုန်အညွှန်းအမှတ်အသား ပြည်စုံစွာ ဖော်ပြထားမှု ရှိ/ မရှိ စစ်ဆေးဆောင်ရွက်ခဲ့သည့်အပြင် စစ်ဆေးရေးမှူး ဦးမျိုးဝင်းနိုင်က ကျောင်းမုန့်ဈေးတန်း ရောင်းချနေသော ကျောင်းမုန့်ဈေးသည်များကို စီးပွားရေးလုပ်ငန်းရှင်များမှ လိုက်နာရမည့် တာဝန်များ အကြောင်းကို လည်းကောင်း၊ ကုန်စည်များ ရောင်းချရာတွင် ကုန်အညွှန်းအမှတ် ပြည့်စုံစွာဖော်ပြထားသောမုန့်များကိုသာရောင်းချကြရန်နှင့် ကုန်အညွှန်းအမှတ်ပြည့်စုံစွာ ဖော်ပြထားခြင်းမရှိသော ကုန်စည်များကိုမရောင်းချရန် အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
DOCA (ကရင်)